သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ မူမှန်ပြက္ခဒိန်ရောင်းချမည်

 

နေပြည်တော်    ဩဂုတ်   ၂၃


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊  မြန်မာနိုင်ငံပြက္ခဒိန်အကြံပေး အဖွဲ့က  ရေးဆွဲထားသည့်   မြန်မာသက္ကရာဇ်  ၁၃၈၃-၁၃၈၄  ခုနှစ်၊  ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်အတွက် မြန်မာ-ရခိုင်-အင်္ဂလိပ်  မူမှန် ပြက္ခဒိန်ကို ၂၀၂၁ ခုနှစ်  ဩဂုတ်လဆန်းမှစတင်၍  တစ်စောင်လျှင် ၁၀၀၀ဝိ/- (ကျပ်တစ်သောင်းတိတိ)ဖြင့်  သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ အနုပညာဦးစီးဌာန (နေပြည်တော်)တွင် ရောင်းချသွားမည်ဖြစ်သည်။ 
ပြက္ခဒိန်ရိုက်နှိပ်   ထုတ်ဝေဖြန့်ချိသူများအနေဖြင့်    မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့က  ရေးဆွဲထားသည့် မူမှန်ပြက္ခဒိန်ကို  ဝယ်ယူ သုံးစွဲခြင်းဖြင့် ဝိဝါဒကွဲပြားမှုမရှိသော  ပြက္ခဒိန်ကို   အများပြည်သူတို့ အတွက်   ရိုက်နှိပ်ဖြန့်ချိနိုင်မည်ဖြစ်ကြောင်းနှင့်  အနုပညာဦးစီးဌာန အနေဖြင့်လည်း    ပြက္ခဒိန်မူမှန်ရောင်းချငွေကို    နိုင်ငံတော်ရငွေအဖြစ် နှစ်စဉ်ပေးသွင်းလျက်ရှိကြောင်း သတင်းရရှိသည်။        သတင်းစဉ်