
ရန်ကုန် ဇွန် ၂
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ဗုဒ္ဓဓမ္မသင်တန်း အသီးသီးကို ရန်ကုန်တိုင်းဒေသ ကြီး မရမ်းကုန်းမြို့နယ် ဓမ္မပါလ ကုန်းမြေ စွယ်တော်မြတ်စေတီ တော်အနီးရှိ အဆိုပါတက္ကသိုလ် သင်တန်းခန်းမ အသီးသီး၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ် သင်ကြားလျက် ရှိသည်။
သင်တန်းသို့ ဒီပလိုမာ၊ ဝိဇ္ဇာ ဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့ သင်တန်းအသီးသီးမှ ပြည်တွင်း ပြည်ပ သင်တန်းသား သင်တန်းသူ ၂၀၈ ပါး/ဦး စတင်တက်ရောက် သင်ကြားလျက်ရှိပြီး ခေတ္တ ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တ ဆေကိန္ဒ အမှူးပြုသော သင်ကြား ဆရာတော်ကြီးများက ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ၊ သမထ၊ ဝိပဿနာ၊ ဓမ္မာနုလောမ ဘာသာ ရပ်များအပြင် Practical medi-tation ကိုပါ စတင်ပို့ချသင်ကြား လျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းအသီးသီးသို့ တက်ရောက်ကြမည့် ပြည်ပနိုင်ငံ အသီးသီးမှ သင်တန်းသားများ ပြည်ပ လေကြောင်းခရီးစဉ်များ ဖြင့် ထပ်မံရောက်ရှိရန် ကျန်ရှိနေ သေးကြောင်းနှင့် သင်တန်းသား သစ် ကြိုဆိုပွဲအခမ်းအနား၊ ဒီပလိုမာ အောင်လက်မှတ်ပေးအပ် ပွဲအခမ်းအနားနှင့် ဘွဲ့နှင်းသဘင် အခမ်းအနားများကို ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဝန်ကြီးဌာနအစီအစဉ်ဖြင့် ဆက်လက် ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်