သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (၁၇) ကြိမ်မြောက် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ သက်ကြီး ဘိုး/ဘွားများအား ပူဇော်ကန်တော့

 

နေပြည်တော်   ဧပြီ   ၁၇


(၁၇) ကြိမ်မြောက် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်၊ ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ ကျင်းပရာ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ   ပြည်ထောင်စု ဝန်ကြီး  အမှူးပြုသော  ဝန်ထမ်း မိသားစုများက ဥပ္ပါတသန္တိ စေတီ တော်ဂေါပကအဖွဲ့၏   ဩဝါဒါ စရိယ နေပြည်တော် ပျဉ်းမနား မြို့ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက်    ပဓာနနာယက ဆရာတော်     အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ   ဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ဆရာတော်ကြီး ထံမှ  ကိုးပါးသီလခံယူ  ဆောက် တည်ကြပြီး ဆရာတော် သံဃာ တော်များ   ရွတ်ပွားသရဇ္ဈာယ် သည့်  မေတ္တသုတ်   ပရိတ်တရား တော်များနှင့်    အနန္တရာယိက ကမ္မဝါစာများကို  နာယူကြည်ညို ကြသည်။ 

 


ထို့နောက်   ပြည်ထောင်စု ဝန်ကြီးနှင့်   တာဝန်ရှိသူများက ဆရာတော်    သံဃာတော်များ ထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး  ဥပ္ပါတ သန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ     နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ဆရာတော် ကြီးထံမှ   အနုမောဒနာတရား နာယူ၍  ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။

 


ဆက်လက်၍   ကိုဗစ်-၁၉ ရောဂါ လတ်တလောဖြစ်ပွားနေမှု အခြေအနေအရ  နေပြည်တော် သာသနာရေးနှင့်    ယဉ်ကျေးမှု ဝန်ကြီးဌာနတွင်    တာဝန်ထမ်း ဆောင်လျက်ရှိသော ဝန်ထမ်းများ နှင့် အတူနေထိုင်သည့် အသက် (၇၅) နှစ်နှင့်အထက်  သက်ကြီး ဘိုး/ဘွား   ၂၅  ဦးတို့ကို    ဂါရဝ လက်ဆောင်အဖြစ် အဘိုးတစ်ဦး လျှင် ပုဆိုး တစ်ထည်နှင့် လှူဒါန်း ငွေကျပ် ၅၀၀၀၀/-၊ အဘွား တစ်ဦးလျှင် လုံချည် တစ်ထည်နှင့် လှူဒါန်းငွေကျပ် ၅၀၀၀၀/- တို့ကို သက်ဆိုင်ရာ  ဌာနများအလိုက် တာဝန်ရှိသူများက    အိမ်တိုင် ရာရောက်  လိုက်လံကန်တော့ခဲ့ ကြောင်း သိရသည်။ 


သတင်းစဉ်