
နေပြည်တော် ဧပြီ ၁၀
၂၀၂၂ ခုနှစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်း မိသားစုများ၏ ပထမအကြိမ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ယာဉ်ရပ်နားကွင်းရှိ ရေကစားမဏ္ဍပ်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
နှုတ်ခွန်းဆက်ပြောကြား
ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကိုကိုက အတာ သင်္ကြန် နှစ်သစ်ကူးနှုတ်ခွန်းဆက် စကား ပြောကြားသည်။
ထို့နောက် ၂၀၂၂ ခုနှစ် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ၏ ပထမအကြိမ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေကစားမဏ္ဍပ်ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေး ထွန်းနှင့် ဒုတိယဝန်ကြီး ဦးထွန်းအုံ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြပြီး ကြွရောက်လာ ကြသူများက သပြေခက်ဖြင့် နှစ်သစ်ကူးအတာ ရေစင်ပက်ဖျန်း ပေးကြသည်။
စုပေါင်းဖျော်ဖြေ
ဆက်လက်၍ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ရုံးနှင့် ဦးစီးဌာနများက သာဂူ၊ မုန့်လုံးရေပေါ်၊ ကြာဆံချက်၊ မန်ကျည်းကျောက်ကျော၊ ရွှေရင် အေး၊ ရေခဲမုန့်၊ ကိတ်မုန့်နှင့် မုန့်လက်ဆောင်း စသည့် သင်္ကြန် ရိုးရာ စတုဒိသာအကျွေးအမွေးများ ဖြင့် ဧည့်ခံကြပြီး အနုပညာဦးစီး ဌာနမှ အနုပညာရှင်ဝန်ထမ်းများ ယိမ်းအဖွဲ့က သင်္ကြန်တေးသီချင်း များ၊ ယဉ်ကျေးမှုယိမ်းအကများ၊ သံချပ် တို့ဖြင့် တပျော်တပါး စုပေါင်းဖျော်ဖြေကြရာ အနုပညာ ရှင် ဝန်ထမ်းယိမ်းအဖွဲ့ကို ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ကြ သည်။
ပါဝင်ဆင်နွှဲ
၂၀၂၂ ခုနှစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်း မိသားစုများ၏ ပထမအကြိမ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် သို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စု ဝန်ကြီး ဦးချစ်နိုင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ အရာထမ်း၊ အမှုထမ်း များ၊ ဝန်ထမ်း မိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
သတင်းစဉ်