သာစည်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁
သာစည်မြို့နယ်တွင်  ငွေကျပ်  ၂ ဒသမ  ၂၅    ဘီလီယံတန်ဖိုးရှိ   စိတ်ကြွရူးသွပ်    ဆေးပြားများ    ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ     တပ်ဖွဲ့ဝင်များ   ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၉  ရက် မွန်းလွဲ ၂ နာရီ တွင်    မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်  တောင်ကြီး-သာစည် သွားကားလမ်း  ကျွဲတပ်ဆုံ    ပူးပေါင်း စစ်ဆေးရေးစခန်းတွင်    တောင်ကြီးမှ     သာစည်ဘက်သို့  ဝေဖြိုးကျော် (ခ)  အငယ် လေး  (၃၂) နှစ် မောင်းနှင်ပြီး ဆန်းဝင်း (၃၁) နှစ် လိုက်ပါလာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်နှင့်   ဝဏ္ဏကျော်  (ခ)  ဒွေးငယ်   (၂၇)   နှစ် မောင်းနှင်လာသည့်        FUSO  ၆ ဘီး  မော်တော်ယာဉ်  နှစ်စီး တို့ကို    သတင်းအရရှာဖွေရာ    FUSO  ၁၂  ဘီး   မော်တော်ယာဉ်ပေါ်မှ     စိတ်ကြွ ရူးသွပ်ဆေးပြား ခုနစ်သိန်း၊ FUSO ၆ ဘီး မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေး ပြား    ရှစ်သိန်း   သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း    ဒေသကာလတန်ဖိုးငွေကျပ်   ၂  ဒသမ ၂၅  ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား  ၁၅  သိန်း သိမ်းဆည်းရမိ ခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြား များအား ရှမ်းပြည်နယ်  (တောင်ပိုင်း)  မှ   မန္တလေးတိုင်းဒေသကြီးသို့   သယ်ဆောင် ခြင်းဖြစ်ကြောင်းသိရှိရသဖြင့်    ၎င်းတို့ သုံးဦးအား ဥပဒေအရအရေးယူ ထားရှိပြီး        ကွင်းဆက်    ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေး      ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။     
သတင်းစဉ်