
ကီဂါလီ မေ ၄
အာဖရိက အရှေ့ပိုင်း နိုင်ငံ တစ်နိုင်ငံဖြစ်သော ရဝမ်ဒါနိုင်ငံ တွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်း များ ဖြစ်ပွားခဲ့ရာ လူပေါင်း ၁၂၇ ဦး သေဆုံးခဲ့ကြောင်း ဒေသ အာဏာပိုင်များက မေ ၃ ရက် က ပြောကြားလိုက်သည်။
ကယ်ဆယ်ရေး လုပ်သား များသည် ဒေသခံများ၏ အသက် ကို ကယ်တင်ရန် အပူတပြင်း ဆောင်ရွက်လျက်ရှိပြီး ပျောက် ဆုံးသူများကိုလည်း ရှာဖွေလျက် ရှိသည်။
ရေကြီးခြင်းကြောင့် အိုးအိမ် များပျက်စီးသွားပုံကို ရုပ်သံဖိုင် တွင် တွေ့မြင်နိုင်သည်။ ထို့အတူ လူများသည်လည်း ခါးအထိနက် သော ရေထဲတွင် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ယူဆောင်သွား လာနေသည်ကိုလည်း တွေ့မြင် နိုင်မည်ဖြစ်သည်။
ရဝမ်ဒါနှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိသော ယူဂန္ဓာတွင် လည်း မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့ရာ လူခြောက်ဦး သေဆုံးခဲ့ကြောင်း ကြက်ခြေနီ အဖွဲ့က မေ ၃ ရက်က ဖော်ပြ ခဲ့သည်။
ရဝမ်ဒါနှင့် ယူဂန္ဓာနိုင်ငံများ တွင် မတ်လနှောင်းပိုင်းကတည်း က မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ