ရုရှားရေတပ်မှ စစ်ရေယာဉ်များ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့သို့ရောက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ  ၂


ရုရှားရေတပ်မှ ဖျက်သင်္ဘော (Destroyer)    များဖြစ်သည့် စစ်ရေယာဉ် Admiral Tributs ၊     Admiral    Panteleev  နှင့် Sea   Tanker    Pechenga     တို့သည်   ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံတော်သို့   ပထမအကြိမ်  မြန်မာ - ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာ   လေ့ကျင့်ခန်းဆောင် ရွက်ရန်နှင့်  ချစ်ကြည်ရေးခရီးလည်ပတ် ရန်အတွက်  ယနေ့ညနေပိုင်းက  ရန်ကုန် မြို့   သီလဝါဆိပ်ကမ်းသို့  ရောက်ရှိရာ  တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊  စစ်သည်များ၊ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။


အဆိုပါ  စစ်ရေယာဉ်များတွင်  အဖွဲ့ ခေါင်းဆောင်အဖြစ် ရုရှားရေတပ်   Russian Pacific Fleet မှ   Captain 1st Rank Aleksei Anciferov   ဦးစီး၍  အရာရှိ၊   စစ်သည် စုစု​ပေါင်း ၈၀၀ ခန့် လိုက်ပါလာပြီး  ရန်ကုန်​ မြို့ရှိ အထင်ကရနေရာများသို့ လေ့လာ လည်ပတ်ခြင်း၊   နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ  ပြုလုပ်ခြင်းနှင့် ဆိပ်ကမ်းအခြေပြု လေ့ကျင့်ခန်း (Harbour Phase)ဆောင်ရွက်ခြင်းများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်