
ရန်ကုန် မေ ၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စီးပွား ရေး ကိုယ်စားလှယ်အဖွဲ့သည် သီလဝါအထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူ များနှင့် ယနေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ များနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
ဦးစွာ သီလဝါအထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ OSSC မှ တာဝန်ရှိသူများက သီလဝါအထူး စီးပွားရေးဇုန်သို့ လာရောက် လေ့လာကြသည့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံမှ စီးပွားရေးကိုယ်စား လှယ်အဖွဲ့အား ရင်းနှီးနွေးထွေး စွာ လက်ခံတွေ့ဆုံပြီး ရုရှား- မြန်မာသည် အစဉ်အလာအားဖြင့် ချစ်ကြည်ရင်းနှီးသော နိုင်ငံများ ဖြစ်ပြီး နှစ်နိုင်ငံ နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ အလားတူ သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း ဆိုင်ရာများကိုလည်း ရှင်းလင်း ပြသဖိတ်ခေါ်လျက် ရှိကြောင်း ရှင်းလင်းပြောကြားပြီး နှစ်နိုင်ငံ စီးပွားရေး အခွင့်အလမ်းဆိုင်ရာ များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး သည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံ စီးပွားရေးကိုယ်စားလှယ် အဖွဲ့မှ Mr.Marat Amirovich က နှစ်နိုင်ငံ G to G ပူးပေါင်းဆောင် ရွက်မှုများရှိပြီး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ် များအား ချစ်ကြည်ရင်းနှီးစွာ ပိုမို တိုးမြှင့် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။
ယင်းနောက် စီးပွားရေး လုပ်ငန်းရှင်အဖွဲ့အား သီလဝါ အထူးစီးပွားရေးဇုန်၏ လုပ်ငန်း ဆောင်ရွက်မှုတို့တွင် ဖြစ်ပေါ် တိုးတက်မှု အခြေအနေများနှင့် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများစွာ ဖော်ဆောင် ထားရှိမှုတို့ကို အသေးစိတ်ရှင်းလင်း ပြသကာ ကိုယ်စားလှယ်အဖွဲ့ အား အထူးစီးပွားရေးဇုန်အတွင်း လှည့်လည်ပြသသည်။
သီလဝါ အထူးစီးပွားရေး စက်မှုဇုန်တွင် နိုင်ငံပေါင်း ၂၁ နိုင်ငံ မှ လာရောက်ရင်းနှီးမြှုပ်နှံလျက် ရှိပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၁၂၄ သန်း ရင်းနှီးမြှုပ်နှံထားကာ မြန်မာနိုင်ငံတွင် အောင်မြင်လျက် ရှိသည့် အထူးစီးပွားရေးဇုန် တစ်ခု ဖြစ်သည်။ ပြည်ပသို့ ပို့ကုန်များ တိုးမြှင့် ဆောင်ရွက်နိုင်ခြင်း၊ ပြည်ပမှ သွင်းကုန်အစားထိုး လုပ်ငန်းများကို ဆောင်ရွက်ပြီး နိုင်ငံအတွက် လိုအပ်သော ဆေးဝါး၊ လူသုံးကုန်ပစ္စည်း၊ ဆောက်လုပ် ရေးပစ္စည်း၊ လူစီးမော်တော် ယာဉ်များ၊ လယ်ထွန်စက်များ၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် ဓာတ်မြေဩဇာများ အပါအဝင် ကုန်ချော ပစ္စည်းများကိုလည်း ထုတ်လုပ် ပေးလျက်ရှိသည်။ ပြည်တွင်း အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်ရေးကို နိုင်ငံ တော်၏ စီးပွားရေးဦးတည်ချက် များနှင့်အညီ သီလဝါအထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ စနစ်တကျ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် အောင်မြင်နေ သော အထူးစီးပွားရေးဇုန်တစ်ခု အဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။ ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး