
နေပြည်တော် အောက်တိုဘာ ၁၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့ တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၅ ရက် မှ ၃၀ ရက်အထိ ကျင်းပမည့် ကလေး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လက်တွေ့ လေ့ကျင့်ခြင်းအလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင် တက်ရောက်ရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ညွန်ကြားရေး မှူး (ကလေးကျန်းမာရေး) ဒေါက်တာသိင်္ဂီ အောင် ဦးဆောင်သည့် ကလေးအထူးကု ဆရာဝန်များပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင် ခြောက်ဦးတို့သည် အောက်တိုဘာ ၁၅ ရက် ည ၈ နာရီက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်အမှတ် (PG-704) ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ သွားသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများမှ ကလေးအထူးကု ဆရာဝန်များ တက်ရောက်ကြမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲတွင် ကလေးကျန်းမာရေး ဆိုင်ရာ ဆေးပညာနှင့် ကူးစက်ရောဂါများ ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်စသည့် ဆေး ပညာရပ်ဆိုင်ရာ အသိပညာမြှင့်တင်ခြင်းနှင့် တက်ရောက်လာသူ ပညာရှင်များအကြား အမြင်ချင်းဖလှယ် ဆွေးနွေးကြမည်ဖြစ် ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတကာနှင့် ဆေးပညာနယ်ပယ်တွင် အတူ တကွပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ဆောင် လျက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်လည်း ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး နှစ်နိုင်ငံအကြား ကျန်းမာရေး ပညာရှင်များ အပြန်အလှန်စေလွှတ်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်