
မော်စကို ဇန်နဝါရီ ၂၅
ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၇၈၀၉ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူပေါင်း ၁၁၂၄၁၁၀၉ ဦးရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့် ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။
ရုရှားနိုင်ငံတစ်ဝန်း၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၆၈၁ ဦးရှိခြင်းကြောင့် လက်ရှိတွင် အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၃၂၇၄၄၈ ဦးရှိလာကြောင်း သိရသည်။
ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၆၄၀၄ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၁၀၀၇၁၇၄၀ ရှိလာကြောင်း သိရသည်။
မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအများဆုံး ဖြစ်ပွားသည့်ဒေသဖြစ်ပြီး လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၉၃၅ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ရောဂါကူးစက်ခံရသူပေါင်း ၂၂၁၂၉၈၀ ရှိလာ ကြောင်း သိရသည်။
ရုရှားနိုင်ငံ၌ နိုင်ငံသား ၈၂ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၇၈ သန်းခန့်သည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်