
မော်စကို ဩဂုတ် ၇
ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၂၃၂၀ ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၆၄၂၄၈၈၄ ဦးရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေး စင်တာက ဩဂုတ် ၇ ရက်တွင် ပြောကြားသည်။
ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၇၉၃ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၁၆၄၀၉၄ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၁၉၄၈၅ ဦး ထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၅၇၃၉၈၃၈ ဦး ရှိလာကြောင်း သိရသည်။
မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအများဆုံးဒေသဖြစ်ပြီး လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၃၅ ဦးရှိခြင်းကြောင့် မြို့တော်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၅၂၄၄၃၉ ဦးရှိလာကြောင်း သိရသည်။
ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစတင်ကာ လက်ရှိအချိန်အထိ ပြည်သူ ၁၆၈ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်