ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၆၆၀ ထပ်မံတွေ့ရှိ

မော်စကို  သြဂုတ်  ၆ 


ရုရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၆၆၀ ထပ်မံစစ်ဆေးတွေ့ ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၆၄၀၂၅၆၄ ဦးရှိလာကြောင်း ရုရှားနိုင်ငံရောဂါတုံ့ပြန် ရေးစင်တာက ယနေ့ပြောသည်။ 


အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ၇၉၂ ဦးထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံး သူပေါင်း ၁၆၃၃၀၁ ဦးရှိလာသည်။ 
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၂၀၁၄၁ ဦး ကျန်းမာရေးအခြေအနေကောင်းမွန်လာပြီး ဆေးရုံ များမှ ပြန်လည်ဆင်းသွားသည့်အတွက် လက်ရှိအချိန် အထိ        ဆေးရုံမှ     ပြန်လည်ဆင်းသွားသူပေါင်း  ၅၇၂၀၃၅၃ ဦးရှိလာသည်။ 


ရောဂါကူးစက်မှုဒဏ်ကို ဆိုးရွားစွာခံစားနေရ သည့်  မြို့တော်မော်စကို၌   လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရသူ ၂၅၈၃ ဦး ထပ်မံတွေ့ရှိရသည့်အတွက်    မြို့တော်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၅၂၂၂၀၄ ဦးရှိသည်။ 


လက်ရှိအချိန်အထိ ပြည်သူ ၃၈ ဒသမ ၉ သန်း (လူဦးရေ၏ ၂၇ ရာခိုင်နှုန်း) အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။                            

ကိုးကား- ဆင်ဟွာ
 ဘာသာပြန်- အောင်ကျော်ကျော်