ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၆ ဒသမ ၄၆ သန်းကျော်ရှိလာ

မော်စကို   ဩဂုတ်   ၉


ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉  ရောဂါကူးစက်ခံရသူ ၂၂၁၆၀ ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း ၆၄၆၉၉၁၀ ရှိလာကြောင်း  ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေး စင်တာက ယနေ့ ပြောကြားသည်။


ရုရှားနိုင်ငံ၌      လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၇၆၉ ဦးထပ်မံ တိုးလာခြင်းကြောင့်   ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း   ၁၆၅၆၅၀   ရှိလာကြောင်းနှင့်  ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ   ဆင်းခွင့်ရရှိသူ ၁၄၄၇၄ ဦး ထပ်မံ တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူပေါင်း  ၅၇၆၉၉၈၁  ဦးရှိလာကြောင်း သိရသည်။


မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံးဒေသဖြစ်ပြီး လွန်ခဲ့ သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၂၁၅၀ ရှိခြင်းကြောင့် မြို့တော်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၅၂၉၃၅၀ ရှိလာကြောင်း သိရသည်။


ရုရှားနိုင်ငံသည်   ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားချိန်မှစတင်ကာ လက်ရှိအချိန်အထိ ပြည်သူ ၁၆၉ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါကူးစက် ခံရမှုရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီးဖြစ် ကြောင်း သိရသည်။ 


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်