ရုရှား - ယူကရိန်း ပဋိပက္ခ သီတင်းပတ် နှစ်ပတ်ထဲဝင်ရောက်လာချိန် နှစ်ဖက်စလုံးတွင် အသေအပျောက်များ မြင့်တက်လာလျက်ရှိ

 

ကိယက်ဗ်   မတ်   ၃ 


ရုရှားက ယူကရိန်းကို စစ်ရေးဆင်နွှဲ နေသည်မှာ မတ် ၃ ရက်က သီတင်း ပတ် နှစ်ပတ်ထဲဝင်ရောက်လာပြီ ဖြစ်သဖြင့်      နှစ်ဖက်စလုံးတွင် အသေအပျောက်များ မြင့်တက် လာသည်။ ကုလသမဂ္ဂက လူပေါင်း တစ်သန်းကျော် နိုင်ငံမှ ထွက်ပြေး နေရကြောင်း    ပြောကြားလိုက် သည်။ 

 


ရုရှားနှင့်        ယူကရိန်းတို့၏ ဒုတိယညှိနှိုင်းဆွေးနွေးမှုကို အားလုံး က အာရုံစိုက်လျက်ရှိသည်။ 
ရုရှားတပ်ဖွဲ့များ၏ ကိယက်ဗ် ကို ချီတက်တိုက်ခိုက်မှုများသည် ကြန့်ကြာမည်ဟု     ထင်ရသည်။ ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ ဒုတိယအကြီးဆုံးမြို့တော် ခါကိဗ် နှင့် တခြားဒေသများကို အရှိန်မြှင့် ၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ 
ရုရှားကာကွယ်ရေး   ဝန်ကြီး ဌာနက      ရုရှားတပ်ဖွဲ့များသည် ယူကရိန်းတောင်ပိုင်းမြို့တစ်မြို့ ဖြစ်သည့် ခါဆန်ကို အပြည့်အဝ ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။ 

 


ရုရှားသည်     ယူကရိန်းကို စစ်ဆင်ရေးမဆင်နွှဲမီ   တပ်ဖွဲ့ဝင်  ၈၀ ရာခိုင်နှုန်းကျော်ကို နယ်စပ် ဒေသတွင်    စုဆောင်းခဲ့ကြောင်း အမေရိကန်    ကာကွယ်ရေးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြော သည်။ 

 


ရုရှားတပ်ဖွဲ့များသည်ယူကရိန်း မြို့တော် ကိယက်ဗ်ကို မသိမ်းပိုက် နိုင်သေးသော်လည်း     မကြာမီ တပ်ဖွဲ့ များကို  ပြန်လည်စုစည်းပြီး  ထိုးစစ်မြှင့်သွားနိုင်သည်ဟု အမေ ရိကန်အရာရှိတစ်ဦးက     ပြောခဲ့ သည်။            

အင်န်အိတ်ချ်ကေ