ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းနေရာများကို သွားရောက်လေ့လာ

 

နေပြည်တော် ဒီဇင်ဘာ  ၉ 


နိုင်ငံတော်    ဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်ဓာတ်အားရရှိရေး သည်   အဓိကကျသည့်   အခန်း ကဏ္ဍ၌    ပါဝင်နေသဖြင့်   နိုင်ငံ တစ်ဝန်း ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးရန်  ရရှိနိုင်သမျှသော စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ် အားထုတ်လုပ်နိုင်ရန်   ပြည်တွင်း/ပြည်ပမှ     ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရန်  ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ စီမံကိန်းများ အကောင်အထည်ဖော်      ဆောင် ရွက်မှုအစီအစဉ်အရ    လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့်  ROS-ATOM မှ ကိုယ်စားလှယ်နှင့်အဖွဲ့ သည်   ယနေ့တွင်    နေပြည်တော် ကောင်စီနယ်မြေအတွင်း စီမံကိန်း လုပ်ငန်းနေရာများသို့  လေ့လာ ကြည့်ရှုကြသည်။

 


မြန်မာနိုင်ငံသို့ ရောက်ရှိနေ သော   ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Russian State Atomic Energy Corporation “ROSATOM” မှ ကိုယ်စားလှယ်အဖွဲ့သည် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊   ရေအား လျှပ်စစ်  အကောင်အထည်ဖော် ရေးဦးစီးဌာန၊ ဒီဇိုင်းနှင့်  ပုံထုတ် ဌာနခွဲ၊ စူးစမ်းလေ့လာရေးဌာနခွဲ နှင့်  ဘူမိဗေဒဌာနခွဲတို့မှ  တာဝန် ရှိသူများနှင့်အတူ   ဇေယျာသီရိ မြို့နယ် ဇီးရိုင်းကျေးရွာ သစ်တော် ကျေးရွာအုပ်စု    ငါးတဲစုကျေးရွာ ပေါင်းလောင်းရေလှောင်တမံအနီး ရှိ   မြေနေရာတို့ကို   အပူစွမ်းအင် ဆိုင်ရာ စီမံကိန်းတို့နှင့်  ဆက်စပ် သော  ကျောက်သား  Mechanic ဆိုင်ရာများလေ့လာခြင်း၊  ရေရရှိ နိုင်မှု၊  ငလျင်နှင့်   ပြတ်ရွေ့များ လေ့လာခြင်း၊   သယ်ယူပို့ဆောင် ရေးလမ်းကြောင်းများ၊  သဘာဝ ပတ်ဝန်းကျင်အခြေအနေနှင့် လူမှု ဘဝ နေထိုင်မှုတို့ကို လေ့လာကြ သည်။ ထို့နောက် ပေါင်းလောင်း ရေလှောင်တမံ၌ ရေဝင်ရောက်မှု၊ တမံ  တည်ဆောက်ထားရှိမှုနှင့် တမံအမြင့်စသည်တို့ကို လေ့လာ ပြီး  စီမံကိန်းတည်ဆောက်မည့် နေရာနှင့် ပတ်သက်၍ မြေနေရာ ရွေးချယ်ဆောင်ရွက်မှုကို   သက် ရောက်နိုင်မှုတို့ကို       လေ့လာ ကြည့်ရှုခဲ့ကြသည်။        ထို့ပြင် ပေါင်းလောင်း    ရေအားလျှပ်စစ် စက်ရုံမှ  ဓာတ်အားထုတ်လုပ်၍ ထွက်ရှိလာသော     ရေများကို ဆက်လက်     အသုံးပြုနိုင်ရန် အတွက်       ဖြစ်နိုင်ခြေရှိသော အသေးစား  ရေအားလျှပ်စစ်စီမံ ကိန်းနေရာကိုလည်း   လေ့လာ ကြည့်ရှုခဲ့ကြသည်။

 


မွန်းလွဲပိုင်းတွင်     လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးနှင့်တွေ့ဆုံကာ လေ့လာ   တွေ့ရှိချက်များအပေါ်  အခြေခံ၍  အသေးစိတ် Seismic တိုင်းတာခြင်းလုပ်ငန်းများဆောင် ရွက်နိုင်ရန်   မိမိတို့မှ   ပြုစုထားရှိ သည့်   တိုင်းထွာရရှိချက်များကို လည်းကောင်း၊ လျာထားစီမံကိန်း နေရာများ၏     ငလျင်ပြတ်ရွေ့ကြော အခြေအနေများကိုလည်းကောင်း၊ အသေးစား   ရေအားလျှပ်စစ်စီမံ ကိန်းများ ဆောင်ရွက်နိုင်မှုအခြေ အနေများကို     လည်းကောင်း အသေးစိတ်    ဆွေးနွေးခဲ့ကြပြီး ဆက်လက်ပူးပေါင်းဆောင်ရွက် ရန်အတွက်  ကျွမ်းကျင်ပညာရှင် များအဖွဲ့    ဖွဲ့စည်းရန်   စီစဉ် ဆောင်ရွက်ခဲ့ကြောင်း       သိရသည်။  


သတင်းစဉ်