ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့်ပတ်သက်၍  ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ရန်ကုန်   မေ   ၆


ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသရာတွင်  တွေ့ကြုံ ရသည့်   အခက်အခဲများနှင့်ပတ်သက်၍     ပေါင်းစပ် ညှိနှိုင်းခြင်းအစည်းအဝေးကို   ယနေ့မွန်းလွဲ ၁ နာရီ က   ရန်ကုန်မြို့   ဗဟန်းမြို့နယ်ရှိ    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန    ရုပ်ရှင်မြှင့်တင်ရေး  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင်       ပြန်ကြားရေးဝန်ကြီး ဌာန     ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြားရာ၌       ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသခွင့်ပြုခဲ့ခြင်းမှာ   ရုပ်ရှင်လောက သားများ   စားဝတ်နေရေး ပြေလည်စေရေး၊  ပြိုလဲလု နီးပါးဖြစ်ခဲ့သည့်  ရုပ်ရှင်အနုပညာလုပ်ငန်းများ   ပုံမှန် ပြန်လည်လှုပ်ရှားသက်ဝင်စေရေးနှင့်  ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူများနှင့်   ရုပ်ရှင်ရုံပိုင်ရှင်များ၏  လုပ်ငန်း များ ပြန်လည်အဆင်ပြေစေရေးတို့အတွက်     ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊           သို့ရာတွင်  အခက်အခဲများနှင့် အဖျက်အမှောင့်များ ကြုံတွေ့နေ ရသည့်အတွက်   မျှော်မှန်းထားသလောက်     ခရီး မရောက်သေးပါကြောင်း။

 


ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက် ချက်များအပေါ်    မသမာသူအဖျက်သမားများက နည်းလမ်းပေါင်းစုံဖြင့်          ဟန့်တားနှောင့်ယှက်နေသည် ကို      အားလုံးအသိပင်  ဖြစ်ပါကြောင်း၊       အချို့သော အနုပညာရှင်များအား  ခြိမ်းခြောက်မှုများ  ပြုလုပ်နေ သည်ကို ကြားသိရသည့်အတွက် လွန်စွာစိတ်မကောင်း ဖြစ်မိပါကြောင်း၊ ရုပ်ရှင်အနုပညာလောက ပြန်လည် ရှင်သန်နိုးထလာမည်ကို      မနာလိုမရှုဆိတ်သည့် ပုဂ္ဂိုလ်များက ရုပ်ရှင်ရုံများ   ပြန်လည်ဖွင့်လှစ်ခြင်း အပေါ်   နှောင့်ယှက်ဟန့်တားနေသည်ဟု  ထင်မြင်မိ ပါကြောင်း၊  ထို့ကြောင့်   အနုပညာရှင်အသိုင်းအဝိုင်း အားလုံးက   ပြည်သူများ  ရုပ်ရှင်ကြည့်ရှုခံစားနိုင်ရန် နှင့်   အနုပညာရှင်များအား   ယခင်ကကဲ့သို့  ချစ်ခင် နှစ်သက်အားပေးကြပြီး      လုပ်ဆောင်ပေးကြရန် လိုအပ်ပါကြောင်း၊      ယနေ့ကြုံတွေ့နေရသည့် အခက်အခဲများကို  ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေး ကြပါရန်နှင့်   မိမိတို့ဝန်ကြီးဌာနအနေဖြင့်   ဝိုင်းဝန်း ဖြေရှင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 


ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက  မြန်မာ့ရုပ်ရှင်လုပ်ငန်း   ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရုပ်ရှင်ရုံများ ရေရှည်ဖွင့်လှစ်ပြသနိုင် ရေးအတွက်      မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြန်ကြားရေးဝန်ကြီးဌာနနှင့်       လက်တွဲဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍ အစည်းအဝေးသို့  တက်ရောက်လာ ကြသည့်  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ  တာဝန်ရှိ သူများ၊  ထုတ်လုပ်သူများ၊  ရုပ်ရှင်ရုံ ပိုင်ရှင်များက ရုပ်ရှင်ပြသရာတွင်  ကြုံတွေ့နေရသည့် အခက်အခဲ များကို  ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။


သတင်းစဉ်