ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊    ၆၃ /၂၀၂၁
၁၃၈၃ ခုနှစ်၊  သီတင်းကျွတ်လပြည့်ကျော်  ၁၂  ရက်
(၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ  ၁  ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။    ဤဥပဒေကို ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။
၂။    ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုးရမည်-
    “(က)    ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုသည်မှာ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သည့် အစီအစဉ်များကို အများပြည်သူက တိုက်ရိုက်ဖမ်းယူရရှိနိုင်စေရေးအတွက် မြေပြင် အခြေစိုက် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်စက်များ၊ မြေပေါ်မြေအောက်ဆက်ကြောင်း ကြိုးများ၊ ဂြိုဟ်တုများမှတစ်ဆင့် ထုတ်လွှင့်ခြင်း သို့မဟုတ် အခြားနည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ ထုတ်လွှင့်ခြင်းကို ဆိုသည်။”
၃။    ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၉၆ တွင်ပါရှိသော “ငွေဒဏ် ကျပ်သိန်း သုံးရာမှ ကျပ်သိန်း ငါးရာအထိ”ဆိုသည့် စကားရပ်ကို “အနည်းဆုံး သုံးနှစ်မှ အများဆုံး ငါးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၃၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ”ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၄။    ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၉၇ တွင်ပါရှိသော “ငွေဒဏ် ကျပ်သိန်း ငါးဆယ်မှ ကျပ်သိန်း တစ်ရာအထိ” ဆိုသည့် စကားရပ်ကို “အနည်းဆုံး ခြောက်လမှ အများဆုံး တစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ”ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၅။    ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၉၈ တွင်ပါရှိသော “ငွေဒဏ် ကျပ်သိန်း တစ်ရာမှ ကျပ်သိန်း သုံးရာအထိ” ဆိုသည့်စကားရပ်ကို “အနည်းဆုံးတစ်နှစ်မှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ”ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၆။    ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၉၉ တွင်ပါရှိသော “ငွေဒဏ် ကျပ်သိန်း သုံးရာမှ ကျပ်သိန်း ငါးရာအထိ”ဆိုသည့် စကားရပ်ကို “အနည်းဆုံး သုံးနှစ်မှ အများဆုံး ငါးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၃၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ”ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။ 
၇။    ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၉၉ ၏နောက်တွင် ပုဒ်မ ၉၉-က ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
    “၉၉-က။    မည်သူမဆို ပုဒ်မ ၁၀၆ အရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်  သို့မဟုတ်  လုပ်ထုံးလုပ်နည်း  တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး ငါးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀ အထိ ငွေဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။”
၈။    ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၀၅ ၏နောက်တွင် ပုဒ်မ ၁၀၅-က ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
    “၁၀၅-က။    ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုများအဖြစ် သတ်မှတ်သည်။”


ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
            (ပုံ) မင်းအောင်လှိုင်
    ဗိုလ်ချုပ်မှူးကြီး
    ဥက္ကဋ္ဌ
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ