ရသင့်ရထိုက်သည့် အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ သက်ဆိုင်ရာ အခွန်ဥပဒေများနှင့်အညီ ပြည့်ပြည့်ဝဝကောက်ခံနိုင်ရေး ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော်  ဩဂုတ်   ၄
နိုင်ငံတော်အတွက် ရသင့်ရထိုက် သည့်အခွန်ငွေများ    လျော့နည်း လွတ်ကင်းမှုမရှိဘဲ    ဥပဒေနှင့် အညီ အပြည့်အဝကောက်ခံရရှိ နိုင်ရေး        အခွန်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင် ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ် ခဲ့သည့် မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှု  သင်တန်း အမှတ်စဉ်  (၇၉)  သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ  စီမံကိန်း နှင့်     ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ  ဦးစီးဌာန၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့     ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းနှင့်   ဒေါ်သန်း သန်းလင်း၊    ဌာနဆိုင်ရာအကြီး အကဲများ၊ သင်တန်းနည်းပြများ နှင့်    အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ  ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြို့နယ် အခွန်ဦးစီးဌာနမှူးများအနေဖြင့် သင်တန်းတွင်    ပို့ချပေးခဲ့သည့် အခွန်ဆိုင်ရာ  ဘာသာရပ်များကို လေ့လာမှတ်သား၍     လုပ်ငန်း လမ်းညွှန်အဖြစ်  ခံယူပြီး အဓိက တာဝန်ဖြစ်သော     နိုင်ငံတော် အတွက် ရသင့်ရထိုက်သည့် အခွန် ငွေများ လျော့နည်းလွတ်ကင်းမှု မရှိဘဲ သက်ဆိုင်ရာ  အခွန်ဥပဒေ များနှင့်အညီ     ပြည့်ပြည့်ဝဝ ကောက်ခံနိုင်ရေး  ကြိုးပမ်းဆောင် ရွက်ကြရန်ဖြစ်ကြောင်း၊   အခွန် လျှော့ပေါ့ခွင့်၊   အခွန်သက်သာ ခွင့်ပြုခြင်းများနှင့်   စပ်လျဉ်း၍ ဥပဒေနှင့်အညီ     အထူးသတိပြု ဆောင်ရွက်ရမည်    ဖြစ်ကြောင်း၊ အခွန်အခြေတိုးချဲ့နိုင်ရန် ဖြစ်နိုင် ခြေဧရိယာများကို     ရှာဖွေဖော် ထုတ် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊  အခွန်ထမ်းပြည်သူများ က တာဝန်သိစွာ ပေးဆောင်သော အခွန်ငွေများကို  နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ ပညာ ရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက် သွယ်ရေး၊ လူမှုရေး၊ ဆက်သွယ် ရေး၊ စိုက်ပျိုးရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး    ကဏ္ဍများ အပြင် ပြည်သူ့အကျိုးပြုလုပ်ငန်း များတွင် အကျိုးရှိရှိ  ခွဲဝေသုံးစွဲ ဆောင်ရွက်နေသည်ကို    အခွန် ထမ်းပြည်သူများ သိရှိနားလည် လာအောင် အသိပညာပေးစည်းရုံး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ပြည်တွင်းအခွန်များဦးစီးဌာန ဝန်ထမ်းများအနေဖြင့် စိတ်ဓာတ် စည်းကမ်းကောင်းမွန်ရန်နှင့် ဌာန ၏ ဂုဏ်သိက္ခာ  မြင့်မားလာရေး အတွက်   အားလုံးက   စည်းလုံး ညီညွတ်စွာဖြင့်   ကြိုးပမ်းဆောင် ရွက်ကြရန်လိုကြောင်း၊ ရှင်းလင်း လွယ်ကူသော    အခွန်စနစ်များ ကျင့်သုံး   ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနကို ပွင့်လင်းမြင်သာမှုရှိသည့် ခေတ်မီ သော အခွန်ဌာနတစ်ခုဖြစ်လာစေ ရန် ဦးတည်အကောင်အထည်ဖော် လျက်ရှိရာ     ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် သင်တန်း သား/သင်တန်းသူများ  အပါအဝင် အခွန်ဝန်ထမ်းများ     အားလုံး တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးပမ်း     ဆောင်ရွက်ကြရန် မှာကြားသည်။ 
ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့်    ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို   ဆုများ ချီးမြှင့်ခဲ့ပြီး      သင်တန်းဆင်း  အောင်လက်မှတ်များ   ပေးအပ် သည်။ 
ရှစ်ပတ်ကြာဖွင့်လှစ်
သင်တန်းတွင်     နိုင်ငံတော် အတွက် ရသင့်ရထိုက်သောအခွန် ငွေများကို      ကောက်ခံရာ၌ သတ်မှတ်ပြဋ္ဌာန်းထားသည့် အခွန် ဆိုင်ရာ     စီမံအုပ်ချုပ်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေ၊     ကုန်သွယ် လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည် ခွန်ဥပဒေ၊ တံဆိပ်ခေါင်းခွန်ဥပဒေဆိုင်ရာကိစ္စရပ်များ၊ ဆက်စပ်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊   အောင် ဘာလေသိန်းဆုခွန်နှင့်  စပ်လျဉ်း သည့် ညွှန်ကြားလွှာများ၊  အခွန် ကောက်ခံမှုနှင့်   စပ်လျဉ်းသည့် စီမံရေးရာ၊ ငွေစာရင်းနှင့် အခွန် စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စ ရပ်များ၊ အခွန်မူဝါဒနှင့်  သုတေ သနဆိုင်ရာကိစ္စရပ်များ၊  အခွန် ကောက်ခံမှုဆိုင်ရာ  သတင်းအချက် အလက်    ရှာဖွေစုဆောင်းခြင်း နှင့်   နည်းပညာအသုံးပြု  အခွန် ကောက်ခံသည့်    စနစ်များကို ရက်သတ္တရှစ်ပတ်ကြာ  ဖွင့်လှစ် ပို့ချခဲ့ပြီး    ပြည်တွင်းအခွန်များ ဦးစီးဌာနမှ  သင်တန်းသား/သင် တန်းသူ   ၈၀   တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။  
သတင်းစဉ်