
ရန်ကုန် ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ဒီဇင်ဘာ ၈ ရက် မွန်းလွဲပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စက်မှုဇုန်(၂)အတွင်းရှိ MSME စက်ရုံများ၏ လုပ်ငန်း လည်ပတ်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြ သည်။
ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် (၆၃)ရပ်ကွက် သံလွင်လမ်းရှိ ပွင့်ဖြူမြေပဲကြော်နှင့် စားသောက် ကုန် လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက မြေပဲကုန် ကြမ်းကို ၂၄ နာရီရေစိမ်၍ အခွံ ချွတ်ကာ အလုပ်သမားများ၊ စက် များဖြင့် အဆင့်ဆင့်ပြုလုပ်ပြီး ပါကင်ထုပ်၍ ပြည်တွင်း ဈေးကွက်သို့ ဖြန့်ချိရောင်းချနေမှု များကို ရှင်းလင်းတင်ပြသည်
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် Bella Interiors ကြိမ် အချောထည်လုပ်ငန်းခွင်အတွင်း ကြိမ်ကုန်ကြမ်းကို မြန်မာ့လက်မှု ပညာရှင်များက အဆင့်ဆင့်ကြိမ် ချောပြုလုပ်ပြီး အလှကုန်ပစ္စည်း များ၊ အိမ်တွင်းအလှဆင်ပစ္စည်း များ၊ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နေမှုအား လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ တစ်ဦးက ရုံးအစည်းအဝေးခန်းမ တွင် လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်နှင့် အမျိုးအစားပေါင်း ၁၀၀၀ ကျော်ထုတ်လုပ်ပြီး ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချနေမှု များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်ထောင်စုလမ်းရှိ Glorious Family Co.Ltd ကြိမ် အချောထည် လုပ်ငန်းခွင်နှင့် Shwe Thandar International Co.Ltd ၏ Origano ငရုတ်ဆီ လုပ်ငန်းခွင်များ အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကုန်ကြမ်း ကို စက်ပစ္စည်းများ၊ အလုပ် သမားများဖြင့် အဆင့်ဆင့် ကုန်ချောပြုလုပ်ပြီး ကြိမ်အချော ထည်ပစ္စည်းများကို ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချနေမှု၊ ငရုတ်ဆီများကို ပြည်တွင်း ဈေးကွက်သို့ ဖြန့်ချိရောင်းချ နေမှုများကို ရှင်းလင်းတင်ပြကြ သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဇုန် (၂) စစ်တောင်းလမ်း ရှိ Global Power Co.Ltd တစ်ရှူး စက်ရုံတွင်ကုန်ကြမ်းထုတ်လုပ်ပြီး ဇုန်(၁)မူဆယ်လမ်း စက်ရုံတွင် ပရုတ်လုံး၊ ပရုတ်ပြား၊ တစ်ရှူး အမျိုးမျိုး၊ အဆင့်မြင့်အိုးတိုက် စတီးလ်ခွေ၊ နားကျပ်တံများကို ဝန်ထမ်းများ၊ စက်ပစ္စည်းများဖြင့် ထုတ်လုပ်နေမှုများကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပြည်တွင်းဈေးကွက်သို့ ဖြန့်ချိ ရောင်းချနေမှုများကို ရှင်းလင်း တင်ပြကြသည်။
ဝန်ကြီးချုပ်က ခရီးစဉ်တစ် လျှောက် ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်း များ ပိုမိုအဆင်ပြေစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့က ပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အခြေအနေများ၊ ပြပွဲများတွင် ဈေးကွက် ပိုမိုဖြန့်ကြက်နိုင်ရေး ဆောင်ရွက်ပေးမည့် အစီအစဉ် များကို ပြောကြားကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)