ရန်ကုန်တိုင်းဒေသကြီးတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

ရန်ကုန်   ဇန်နဝါရီ   ၁၇
ရန်ကုန်တိုင်းဒေသကြီးတွင်    (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာ ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ  တိုင်းဒေသကြီး    (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး   ဦးစီး ကော်မတီနာယက၊  တိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက်  အခမ်းအနားကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးညီညီမင်းက  ဦးစီးကော်မတီနှင့်  လုပ်ငန်း ကော်မတီဖွဲ့စည်းထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားသည့်အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ၊ အခမ်းအနားမွမ်းမံပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊  ဖိတ်ကြားရေးနှင့်    ကြိုဆိုနေရာ ချထားရေးလုပ်ငန်းကော်မတီ၊ ဖျော်ဖြေရေးလုပ်ငန်း ကော်မတီ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးနှင့်   ငွေစာရင်းထိန်းသိမ်းရေးလုပ်ငန်း ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ပြန်ကြားရေးလုပ်ငန်း ကော်မတီ၊ လုံခြုံရေးနှင့်မီးရှူမီးပန်းပစ်ဖောက်ရေးလုပ်ငန်းကော်မတီတို့မှ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသ ကြီး ဝန်ကြီးများက အခမ်းအနားအောင်မြင်စွာကျင်းပ နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက် ရောက်လာကြသူများက (၇၇)နှစ်မြောက် ပြည်ထောင်စု နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်း ဆွေးနွေးအကြံပြုတင်ပြကြသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ယင်းနောက်    အခမ်းအနားကျင်းပရေးဦးစီး ကော်မတီနာယက၊  တိုင်းဒေသကြီး ဝန်ကြီးချုပ်က    ပြည်ထောင်စုနေ့ဖြစ်သည့်အတွက် တိုင်းရင်းသား များ၏ အကများနှင့်ခေတ်ပေါ်တေးဂီတအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများကိုဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်  ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ  ညစဉ် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း၊ ထိုသုံးရက်တာ ကာလအတွင်း  MSME ပြည်တွင်းထုတ်ကုန်အရောင်း ဆိုင်များကို ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများကို ပြည်ထောင်စုနေ့ အထိမ်းအမှတ်‌ နိုင်ငံတော်အလံများလွှင့်ထူပြီး ညပိုင်းတွင် ရောင်စုံမီး များထွန်းရန် တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ် သွားရန်လိုကြောင်း၊ ဖျော်ဖြေရေးအစီအစဉ်များ၊ မီးရှူးမီးပန်းပစ်ဖောက်ခြင်းများနှင့် လုံခြုံရေးလုပ်ငန်း များကို စနစ်တကျဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်း ကော်မတီများအနေဖြင့် (၇၇)နှစ်မြောက် ပြည်ထောင်စု နေ့အခမ်းအနားကျင်းပရေး    ဦးစီးကော်မတီ၏ ကြီးကြပ်မှုဖြင့် လုပ်ငန်းကော်မတီအချင်းချင်း  ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားကြရန်  ပြောကြားခဲ့ကြောင်း သိရသည်။                     ဆန်းကျော်ဦး(ပြန်/ဆက်)