ရန်ကုန်တိုင်းဒေသကြီး၌ အခြေခံပညာအလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသာဘာရပ်ဆိုင်ရာ နည်းပြ သင်တန်းဖွင့်လှစ်

 

 

ရန်ကုန် မေ ၁၅

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာ နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အထက(၇)၌ ကျင်းပသည်။

 

ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ သင်တန်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဖွင့်ပွဲတွင် ဖျော်ဖြေခဲ့ကြသည့် အဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သည်။

 

ယင်းနောက် Yangon Convention Center(YCC) ၌ကျင်းပသည့် BUILD SMART & BIGGEST MYANMAR PRODUCTION နှင့် MCEF နှစ်(၃၀)ပြည့် ပုလဲရတု အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI)၌ ကျင်းပသည့် စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ် လျက်ရှိသော တောင်သူများအား မြန်မာ(GAP) အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲတို့သို့ တက်ရောက် အမှာစကား ပြောကြားပြီး သုံးခွမြို့နယ်ရှိ ပဲတီစိမ်းစိုက်ပျိုးဧက ၉၂၂၀ ပေါ်တွင် စိုက်ပျိုးလျက်ရှိသော တောင်သူ ၈၃၉ ဦးနှင့် ဆလတ်ရွက် စိုက်ပျိုးတောင်သူများအား မြန်မာ(GAP) အသိအမှတ်ပြုလက်မှတ် စုစုပေါင်း ၁၄ စောင်ကို ပေးအပ်ခဲ့ ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)