
ရန်ကုန် ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့သည် စီးပွားဖြစ်စတင် လည်ပတ် ထုတ်လုပ်တော့မည့် စက်မှုလုပ်ငန်းများသို့ ဒီဇင်ဘာ ၂ ရက်က သွားရောက်ကြည့်ရှု စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
လှိုင်သာယာ မြို့နယ်၌ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် ပဲအမျိုး မျိုးနှင့် နှမ်း သန့်စင်ကြိတ်ခွဲ ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိသော စက်ရုံများသို့ ကြည့်ရှု စစ်ဆေးခဲ့ပြီး စီးပွားဖြစ် စတင် လည်ပတ်ထုတ်လုပ်မည့်အခြေ အနေများ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် မီးအာမခံထားရှိမှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
ကိုရိုး