ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကုသရေးဆိုင်ရာလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

နေပြည်တော်  ဇူလိုင်  ၂၈


ရန်ကုန်တိုင်းဒေသကြီးအတွင်း  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကုသရေးဆိုင်ရာ လုပ်ငန်း များ ထိရောက်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် တိုင်းဒေသ ကြီး  စီမံအုပ်ချုပ်ရေးကောင်စီရုံး  အစည်းအဝေး ခန်းမ(၄)၌ ပြုလုပ်ရာ   ရန်ကုန်တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ   ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ကောင်စီအဖွဲ့ဝင် များ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းပြောကြားပြီး တိုင်းမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန  ဒုတိယဝန်ကြီးနှင့်  တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက အသီးသီး ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က  တင်ပြ ချက်များအပေါ် လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်