ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းဆွေးနွေး

 

နေပြည်တော်  ဇန်နဝါရီ  ၁၂


ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး    ဒေါက်တာအေးထွန်း သည် ဆေးရုံအုပ်ကြီး/ကုသရေး၊ ပါမောက္ခချုပ်ဒေါက်တာသီတာလှ၊ ဆေးသုတေသနဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်၊      ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ ဆေး တက္ကသိုလ်-၁   ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေ၊       ဆေး တက္ကသိုလ်-၂     ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာအေးအေးခင်၊ ရန်ကုန်တိုင်းဒေသကြီး   ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး         ဒေါက်တာထွန်းမင်း၊ တိုင်းဒေသကြီး    ကုသရေးဦးစီး ဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ  တာဝန်ရှိသူများ၊   ဆေးရုံ အုပ်ကြီးများနှင့်   ရန်ကုန်တိုင်း ဒေသကြီး   ကျန်းမာရေးဝန်ကြီး ဌာန၏ ဧည့်ဂေဟာတွင် တွေ့ဆုံ၍ ကိုဗစ်-၁၉   ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်    ဆောင်ရွက် ခြင်းလုပ်ငန်း   ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်သည်။

 


စနစ်တကျဆောင်ရွက်


လုပ်ငန်းညှိနှိုင်း  ဆွေးနွေးပွဲ တွင်    ဒုတိယဝန်ကြီးက   ဆေး တက္ကသိုလ်အသီးသီး      ပုံမှန် (အတန်း)၊     နောက်ဆက်တွဲ (အတန်း)များ ဖွင့်လှစ်သင်ကြား နေမှုအခြေအနေ၊   လုပ်ငန်းခွင် အတွင်း တာဝန်ထမ်းဆောင်လျက် ရှိသော   ဝန်ထမ်းများ၏  အခြေ အနေ၊ ဖွင့်လှစ်ထားသော ဘွဲ့လွန် ပုံမှန်အတန်းများ၏     ပညာ သင်ကြားမှု အခြေအနေများအား ဆွေးနွေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေး လုပ်ငန်းများနှင့်    ပတ်သက်၍ Omicron   Variant   တွေ့ရှိ၊ စစ်ဆေးနိုင်မှု၊ လူနာလက်ခံကုသ ပေးနိုင်မှု၊ အောက်ဆီဂျင်ထုတ်လုပ် သုံးစွဲနိုင်မှု   အခြေအနေ၊   လူနာ ညွှန်းပို့မှုနှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများ အဆင်သင့် အနေအထား    ပြန်လည်ပြင်ဆင် ထားရန်၊    နိုင်ငံခြားပြန်များအား အသွားအလာကန့်သတ်၍ စောင့် ကြပ်ကြည့်ရှုသည့် လုပ်ငန်းများ အား စနစ်တကျ ဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့် တစ်ပြေးညီ  စီမံခန့်ခွဲရန်၊  ကိုဗစ်-၁၉   ရောဂါ   ကာကွယ်ဆေးများ ရောက်ရှိထိုးနှံနိုင်မှု   အခြေအနေ များအား   ဆန်းစစ်၍   လွှမ်းခြုံမှု မြင့်မားအောင်    ဆောင်ရွက်ရန် တို့ကို ပြောကြားသည်။

 


တင်ပြဆွေးနွေး


ထို့နောက် တက်ရောက်လာ သူများက    တင်ပြဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးက    လိုအပ်သည် များ   ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်