ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကုသရေးဆိုင်ရာလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

နေပြည်တော်    ဇူလိုင်    ၂၈

 


ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့်   ကုသရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို    ယနေ့   ညနေပိုင်းတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်း အဝေးခန်းမ(၄)၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်   တိုင်းမှူး   ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ကောင်စီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက  ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍    အသေးစိတ် ရှင်းလင်းပြောကြားပြီး တိုင်းမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ 

 


ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန        ဒုတိယဝန်ကြီးနှင့်        တိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက  အသီးသီး ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်   တိုင်းမှူးတို့က   တင်ပြချက်များ အပေါ်   လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

 


သတင်းစဉ်