ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ လူနာများအတွက် ပြည်ပမှတင်သွင်းရောက်ရှိလာသော အောက်ဆီဂျင်ကို ဆေးရုံများနှင့် ကိုဗစ်-၁၉ ကုသရေးစင်တာများသို့ ခွဲဝေပေးရေးဆွေးနွေး

ရန်ကုန်  ဇူလိုင်  ၁၅


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ   ပြည်သူ့ဆေးရုံ များနှင့် ကိုဗစ်-၁၉ စင်တာများအတွက် ပြည်ပမှ တင်သွင်းရောက်ရှိလာသော   အောက်ဆီဂျင်များ ခွဲဝေပေးရေးဆွေးနွေးခြင်းကို   ယနေ့ မွန်းလွဲ ၃ နာရီတွင်  ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ပြောကြား


ရှေးဦးစွာ    တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုးက  တပ်မတော်၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊    တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့တို့ ပူးပေါင်း၍ အချိန်ကိုက် စနစ်တကျ    ဖြန့်ဝေနိုင်ရန်နှင့်   နည်းစနစ်ပိုင်းများ အတွက် အောက်ဆီဂျင်နည်းပညာရှင်များ၊ အလှူရှင် များ၏ ငွေအား၊ လူအားအကူအညီများဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသဖြင့် ဦးစားပေးဖြည့်တင်းပေး ရမည့်   ဆေးရုံများ၊   စင်တာများနှင့်  လိုအပ်ချက် အခက်အခဲများ မဖြစ်ပေါ်စေရေး ဆွေးနွေးအကြံပြု ပေးကြရန် ပြောကြားသည်။


ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန    ဒုတိယဝန်ကြီး   ဒေါက်တာအေးထွန်းက လတ်တလောအခြေအနေတွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာကြောင်း၊   ထပ်မံကူးစက်မှု လည်းရှိလာနိုင်ကြောင်း၊ ထို့အတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊   ရန်ကုန်အထွေထွေရောဂါကု ဆေးရုံ သစ်ကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ ဝေဘာဂီ ဆေးရုံ၊ သင်္ဃန်းကျွန်းဆေးရုံကြီး၊ တောင်ဥက္ကလာပ ဆေးရုံကြီး၊ လှိုင်သာယာဆေးရုံကြီးများတွင် ကိုဗစ်-၁၉ ရောဂါ လူနာများထားရှိ ကုသပေးလျက်ရှိရာ ထိုဆေးရုံများနှင့်   အင်းစိန်ဆေးရုံကြီး၊  ရန်ကုန် အရှေ့ပိုင်းဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးနှင့် အင်းယားစင်တာများကို ဦးစားပေးအဖြစ် ပေးဝေရန်နှင့်   ပြည်သူများ   အောက်ဆီဂျင်အိုး အလွယ်တကူဖြည့်တင်းနိုင်ရေး စီစဉ်ပေးရန်  လိုအပ် ကြောင်း ဆွေးနွေးပြောကြားသည်။
ဆွေးနွေး


ဆက်လက်၍ တက်ရောက်လာကြသူများက ပြည်သူ့ဆေးရုံများ၊   ကိုဗစ်-၁၉  ရောဂါကုသရေး စင်တာများနှင့် ပြည်သူများထံသို့ အောက်ဆီဂျင်အိုး များ    ဖြည့်တင်းပေးနိုင်မည့်   အစီအစဉ်များကို ဆွေးနွေးကြသည်။


ယင်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြား သည်။


ယနေ့ညပိုင်းတွင် စေတနာရှင် အလှူရှင်များ ပြည်ပမှ    တင်သွင်းလာသော  Liquid Oxygen မက်ထရစ်တန်  ၂၀  သယ်ဆောင်လာသော  ကား နှစ်စီး ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)