
နေပြည်တော် ဩဂုတ် ၂၄
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူနိုင် ရေး၊ အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုအရ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာ အဖြစ် ယနေ့တွင် ပန်းဘဲတန်းမြို့နယ် ကုန်သည် လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက် အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ ဆေးနှင့်ဆေးပစ္စည်းဖြန့်ဖြူး ရောင်းချသော ကုမ္ပဏီ ၁၉ ခုမှ အိမ်သုံးဆေးဝါး ၂၉၇ မျိုးကို ရောင်းချပေး လျက်ရှိပြီး ငွေကျပ် သိန်း ၈၀ ကျော် တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။
အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ် ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ် ကမ်းနား လမ်း၊ လွတ်လပ်ရေးရပ်ကွက် အမှတ်(၁၀၄/၁၀၈)နေရာ၌လည်း သတ္တမမြောက်နေ့အဖြစ် ဆက်လက် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ငွေကျပ်သိန်း ၃၀ ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချနိုင်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်နှင့် မင်္ဂလာတောင် ညွန့်မြို့နယ်အတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက ရွေ့လျားဈေးကားဖြင့် ကြက်၊ ဝက်၊ ဆိတ်နှင့် အမဲသားတို့ကို ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်