ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်သုံးဆေးဝါးများ သိုလှောင်ပြီး အမြတ်တင်ရောင်းချနေသည့် ဆေးဂိုဒေါင်များကို စိစစ်အရေးယူ

 

ရန်ကုန်   ဩဂုတ်   ၁၃


ရန်ကုန်တိုင်းဒေသကြီး  အစိုးရ အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့် အညီ    ရန်ကုန်တိုင်းဒေသကြီး အတွင်း    ကိုဗစ်-၁၉   ရောဂါ တတိယလှိုင်း    ဖြစ်ပွားနေစဉ် ကာလအတွင်း    အများပြည်သူ အတွက် ဆေးဝါးဈေးနှုန်းမြင့်မားခြင်းမရှိစေရန်      ရည်ရွယ်၍ ဆေးဂိုဒေါင်များကို       မြို့နယ် အလိုက်  အဖွဲ့များဖွဲ့၍  စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။ 

 


ထိုသို့    ဆောင်ရွက်ရာတွင် နေ့စဉ်    ရောင်းဝယ်နေမှုများကို မထိခိုက်စေရန်   ဆေးဝါးဖြန့်ချိ ရောင်းချနေသော    မင်္ဂလာဈေး၊ ရွှေပြည့်စုံဈေး၊    သိမ်ကြီးဈေး၊ ဗိုလ်ချုပ်ဈေးမှ         လက်လီ လက်ကား            ဆိုင်ကြီးများကို ဝင်ရောက်စစ်ဆေးခြင်း   မပြုဘဲ သီးသန့်ဂိုဒေါင်များဖြင့် သိုလှောင် ထားသော ဆေးဂိုဒေါင် ၂၂ ခုကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊      မြို့နယ်ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊     အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊  စားသုံးသူ ရေးရာဦးစီးဌာန၊         အစား အသောက်နှင့် ဆေးဝါးများကွပ်ကဲ ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော  ပူးပေါင်း အဖွဲ့သည် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဆေးဂိုဒေါင် ပိုင်ရှင်နှင့်   ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ဂိုဒေါင်လက်ကျန် စာရင်းကောက်ယူခြင်း၊     ကုန် ပစ္စည်း အဝင်အထွက်လယ်ဂျာများ စစ်ဆေးခြင်း၊       ခွင့်ပြုချက် လိုင်စင်ရှိ/မရှိ၊ ယခင်ကပင် ဆေး ပစ္စည်းများ တင်သွင်းရောင်းချခြင်း (သို့မဟုတ်)     ယခုကာလမှသာ ဈေးကွက်အတွင်းမှ  ဆေးပစ္စည်း များကို   ဝယ်ယူသိုလှောင်ခြင်း၊ ပစ္စည်းများကို ထိန်းချုပ်ထားခြင်း (သို့မဟုတ်)     အမြတ်ကြီးစား ရောင်းချရန်   ရည်ရွယ်သိုလှောင် ခြင်း ရှိ/ မရှိ  ဒုတိယနေ့အဖြစ် ထပ်မံဖော်ထုတ်စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။

 


ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စိစစ်နေစဉ်       ကာလအတွင်း ဆေးဝါးများ   ပုံမှန်ရောင်းချခြင်း လုပ်ငန်း     ထိခိုက်မှုမရှိစေရန် ဈေးကွက်အတွင်းသို့  ပို့ဆောင် လိုပါကလည်း     ပို့ဆောင်မည့် ပစ္စည်းစာရင်းနှင့်   ပို့ဆောင်မည့် ဒေသကို မှတ်သား၍ လွတ်လပ်စွာ ပို့ဆောင်ခွင့်ပြုထားပြီး ဩဂုတ် ၁၂ ရက်တွင်   ဂိုဒေါင်  ၂၂  လုံးကို ပူးပေါင်းအဖွဲ့ဖြင့် ထပ်မံစစ်ဆေး သဖြင့် ဆေးဝါးဈေးကွက်အတွင်း လက်လီလက်ကားရောင်းချသော ဈေးများတွင်    အများပြည်သူ အသုံးများသော   ဆေးများ၏ ဈေးနှုန်းများ      သိသိသာသာ ကျဆင်းသွားကြောင်း     သိရှိရ သည်။

 


ဒုတိယအသုတ် စစ်ဆေးနေ သော   ဆေးဂိုဒေါင်များအနက် ဈေးနှုန်းမြှင့်တင်ရန်   ရည်ရွယ် ချက်ဖြင့် ထိန်းချုပ်ရောင်းချခြင်း၊ ပြည်တွင်း    ပြည်ပမှ    ဝယ်ယူ တင်သွင်းသည့်    အထောက် အထားများ တင်ပြနိုင်မှုမရှိခြင်း၊ သိုလှောင်ထားသည့်    ပမာဏ များပြားသဖြင့်   ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထား ခြင်းများတွေ့ရှိသဖြင့်  ဥပဒေနှင့် အညီ ထိထိရောက်ရောက် အရေး ယူသွားမည်ဖြစ်သည်။   ပုံမှန် ရောင်းချလျက်ရှိသည့် ဂိုဒေါင်များ ကို ဆေးဝါးများ ဈေးနှုန်းမမြင့်မား စေရန်၊ ဈေးကွက်အတွင်း ဆေးဝါး ဖြန့်ဖြူးမှု ထိန်းချုပ်ခြင်းမပြုရန်၊ အမြတ်ကြီးစား     ရောင်းချခြင်း မပြုရန်  သတိပေးပြီး  ခံဝန်ကတိ လက်မှတ်ရေးထိုးစေမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ပုံမှန် တင်သွင်း      ဖြန့်ဖြူးရောင်းချ သော   ကုမ္ပဏီများကို    တစ်စုံ တစ်ရာ အရေးယူဆောင်ရွက်ခြင်း ပြုမည်မဟုတ်ကြောင်း    သိရှိရ သည်။

 


ဩဂုတ်  ၁၃  ရက်တွင်လည်း အိမ်သုံးဆေးဝါး  သိုလှောင်သည့် ဂိုဒေါင်ကိုးလုံးကို     ပူးပေါင်းအဖွဲ့ ဖြင့်          ထပ်မံစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်