ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်သုံးဆေးဝါးများ သိုလှောင်ခြင်း အမြတ်တင် ရောင်းချနေသည့် ဆေးဂိုဒေါင်များကို စိစစ်အရေးယူ

 

ရန်ကုန်   ဩဂုတ်   ၁၂


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ    ရန်ကုန်တိုင်း ဒေသကြီးအတွင်း  ကိုဗစ်- ၁၉   ရောဂါ တတိယလှိုင်းဖြစ်ပွားနေစဉ်     ကာလ အတွင်း အများပြည်သူအတွက် ဆေးဝါး ဈေးနှုန်းမြင့်မားခြင်းမရှိစေရန် ရည်ရွယ် ၍  ဆေးဂိုဒေါင်များကို  မြို့နယ်အလိုက် အဖွဲ့ များဖွဲ့၍  စစ်ဆေးဆောင်ရွက်လျက် ရှိသည်။ 

 


ထိုသို့ဆောင်ရွက်ရာတွင်    နေ့စဉ် ရောင်းဝယ်နေမှုများကို မထိခိုက်စေရန် ဆေးဝါးဖြန့်ချိရောင်းချနေသော မင်္ဂလာ ဈေး၊   ရွှေပြည့်စုံဈေး၊  သိမ်ကြီးဈေး၊ ဗိုလ်ချုပ်ဈေးမှ လက်လီ၊  လက်ကား ဆိုင်ကြီးများကို ဝင်ရောက်စစ်ဆေးခြင်း မပြုဘဲ သီးသန့်ဂိုဒေါင်များဖြင့်  သိုလှောင် ထားသော    ဆေးဂိုဒေါင်    ၂၄ ခုကို     မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊   မြို့နယ်ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊     အစားအသောက် နှင့်      ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊    မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော              ပူးပေါင်းအဖွဲ့သည်  သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး များ၊  ဆေးဂိုဒေါင်ပိုင်ရှင် နှင့်  ကိုယ်စားလှယ်များရှေ့မှောက်တွင်   ဂိုဒေါင်လက်ကျန်စာရင်း      ကောက်ယူ ခြင်း၊ ကုန်ပစ္စည်းအဝင်အထွက် လယ်ဂျာ များ စစ်ဆေးခြင်း၊ ခွင့်ပြုချက် လိုင်စင်ရှိ/မရှိ၊    ယခင်ကပင်  ဆေးပစ္စည်းများ  တင်သွင်းရောင်းချခြင်း  (သို့မဟုတ်) ယခုကာလမှသာ ဈေးကွက်အတွင်းမှ ဆေးပစ္စည်းများကို ဝယ်ယူသိုလှောင်ခြင်း၊ ပစ္စည်းများကို   ထိန်းချုပ်ထားခြင်း (သို့မဟုတ်) အမြတ်ကြီးစား   ရောင်းချ ရန်    ရည်ရွယ်    သိုလှောင်ခြင်း   ရှိ/ မရှိ  
ဖော်ထုတ်      စစ်ဆေးမှုများကို    ဆောင်ရွက်လျက်ရှိသည်။ ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ  စိစစ်နေစဉ် ကာလအတွင်း ဆေးဝါးများပုံမှန် ရောင်းချခြင်းလုပ်ငန်း ထိခိုက်မှု မရှိစေရန်   ဈေးကွက်အတွင်းသို့ ပို့ဆောင်လိုပါကလည်း    ပို့ဆောင် မည့်ပစ္စည်းစာရင်းနှင့်     ပို့ဆောင် မည့်ဒေသကိုမှတ်သား၍ လွတ်လပ် စွာ        ပို့ဆောင်ခွင့်ပြုထားသည်။ ဩဂုတ် ၁၁ ရက်တွင် ဂိုဒေါင် ၂၄ လုံးကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေး ခြင်းပြုလိုက်သဖြင့်    ဆေးဝါး ဈေးကွက်အတွင်း လက်လီလက် ကား ရောင်းချသောဈေးများတွင် အများပြည်သူ    အသုံးများသော ဆေးများ၏ ဈေးနှုန်းများ သိသိ သာသာ ကျဆင်းသွားကြောင်း လည်း သိရှိရသည်။ 

 


ပထမအသုတ်   စစ်ဆေးနေ သော ဆေးဂိုဒေါင်၂၄ ခုအနက် ကိုးခုသာ     ဈေးနှုန်းမြင့်တင်ရန် ရည်ရွယ်ချက်ဖြင့်           ထိန်းချုပ် ရောင်းချခြင်း၊ ပြည်တွင်းပြည်ပမှ ဝယ်ယူတင်သွင်းသည့် အထောက် အထားများ တင်ပြနိုင်မှုမရှိခြင်း၊ သိုလှောင်ထားသည့်    ပမာဏ များပြားသဖြင့်   ဈေးကစားရန်  ရည်ရွယ်ချက်ဖြင့် သိုလှောင်ထား ခြင်းများ တွေ့ရှိရသဖြင့် ဥပဒေနှင့် အညီ ထိထိရောက်ရောက် အရေး ယူသွားမည်ဖြစ်သည်။      ပုံမှန် ရောင်းချလျက်ရှိသည့် ဂိုဒေါင်များ ကို ဆေးဝါးများ ဈေးနှုန်းမြင့်မား စေရန်၊ ဈေးကွက်အတွင်း ဆေးဝါး ဖြန့်ဖြူးမှုထိန်းချုပ်ခြင်းမပြုရန်၊  အမြတ်ကြီးစားရောင်းချခြင်းမပြုရန်   သတိပေးပြီး   ခံဝန်ကတိ လက်မှတ်     ရေးထိုးစေမည်ဖြစ် သည်။ လုပ်ထုံးလုပ်နည်းနှင့်အညီ  ပုံမှန်တင်သွင်း  ဖြန့်ဖြူးရောင်းချ သော ကုမ္ပဏီများကို တစ်စုံတစ်ရာ  အရေးယူဆောင်ရွက်ခြင်းပြုမည်မဟုတ်ကြောင်း သိရှိရသည်။ 

 


ဩဂုတ် ၁၂ ရက်တွင်လည်း အိမ်သုံးဆေးဝါးသိုလှောင်သည့်  ဂိုဒေါင် ၁၉  လုံးကို ပူးပေါင်းအဖွဲ့ ဖြင့်         ထပ်မံစစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်