ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်း

 

ရန်ကုန် သြဂုတ် ၆


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ များ နှင့်စပ်လျဉ်း၍   စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၌ ကျင်းပသည်။
ရှေးဦးစွာ   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး            ဦးအောင်သန်းဦးက     တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်ပြီး ကိုဗစ်စင်တာများ ဖွင့်လှစ်မှုအခြေ အနေ၊ ကိုဗစ်စင်တာများဖွင့်လှစ်ရာတွင်  အလှူရှင်များ နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊  အောက်ဆီဂျင် လိုအပ်မှုကို ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေ အနေ၊   ဆေးနှင့်ဆေးပစ္စည်းများ    စျေးနှုန်းမှန်ကန် စေရေးနှင့် အခြေခံစားကုန်များ စျေးနှုန်းကြီးမြင့်မှု မရှိစေရန်   ဆောင်ရွက်နေမှု    အခြေအနေများကို ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း။

 


ပထမအချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်   ဖေဖော်ဝါရီ ၁၇ ရက်မှစပြီး   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန် ချက်နှင့်အညီ ပြည်ပမှ ပြန်လည်ရောက်ရှိလာကြသည့်  ပြည်သူများကို ဖောင်ကြီးစင်တာ၊ ရိုးမစင်တာတို့ဖွင့်၍ စတင်လက်ခံခဲ့ကြောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ အကူအညီဖြင့် ဆေးတပ်ဖွဲ့မှ ဆရာဝန်ကြီးအပါအဝင် အင်အား ၄၀ ဖြင့် ဖောင်ကြီးစင်တာတွင် ကုသရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးနေကြောင်း။
ဇွန်လ    နောက်ဆုံးပတ်ကစပြီး   ကိုဗစ်-၁၉ တတိယလှိုင်းကို  ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် စတင်တွေ့ရှိလာကြောင်း၊       ဇူလိုင်လဆန်းမှစ၍ ကိုဗစ်-၁၉ ရောဂါ  တတိယလှိုင်းသည် ရန်ကုန်တိုင်း အတွင်း  တဖြည်းဖြည်း  မြင့်တက်လာခဲ့ကြောင်း၊ မြင့်တက်လာသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်             လှည်းကူးဖောင်ကြီးစင်တာ၊ ဗိုလ်တထောင်၊   မရမ်းကုန်း၊ အင်းယားစင်တာ၊ MCC စင်တာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ရိုးမရိပ်သာ စင်တာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ  သုဝဏ္ဏကုသရေး စင်တာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အောင်မြင့်မိုရ် ကုသရေးစင်တာ၊ လှိုင်ကုသရေးစင်တာ၊ ရန်ကင်း ပညာရေးကောလိပ်၊ ဆရာတော် သံဃာတော်များ အတွက် အင်းစိန် မင်းဓမ္မ သီရိမဂ္ဂ သာသနာ့ဗိမာန်၊ မရမ်းကုန်း ကမ္ဘာအေး သံဃာ့ဆေးရုံများတွင် ဆရာ တော် သံဃာတော်များအတွက် ခုတင် ၃၀၀၊ ပြည်သူ များအတွက် ခုတင် ၇၅၇၀ ကို ကုသရေးစင်တာများ တွင် ပြင်ဆင်ကုသ ဆောင်ရွက်ပေးလျက်ရှိကြောင်း။
တတိယလှိုင်းတွင်       အဓိကလိုအပ်ချက်မှာ အောက်ဆီဂျင်ဖြစ်သည့်အတွက် ကုသရေးစင်တာ များတွင် အောက်ဆီဂျင်ရှူနိုင်ရန်  လိုင်းများဆွဲပြီး  ဆောင်ရွက်ပေးကြောင်း၊        အောက်ဆီဂျင်အိုးများနှင့် Flow Meter ဖြင့်  ရှူနိုင်ရန်လည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊  အောက်ဆီဂျင်  Concentrator များကိုလည်း ပြည်ပမှ မှာယူတင်သွင်းပြီး အလှူရှင် များပါဝင်ပူးပေါင်းကာ  အောက်ဆီဂျင်ရရှိရန်အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊   ထို့ပြင်  ဆရာ တော်သံဃာတော်များ၊ ဆေးကုသနေသည့် လူနာ များ၊ လူနာများကို ကူညီဆောင်ရွက်ပေးနေသည့် ပရဟိတအဖွဲ့များ၊ ဆရာဝန်များ၊ ဆရာမများ၊ သူနာပြု များအားလုံးကိုလည်း  နေ့စဉ် ကျွေးမွေးရေးကိစ္စများကို အစိုးရအဖွဲ့က တာဝန်ယူဆောင်ရွက်ပေးနေကြောင်း။
ကိုဗစ်-၁၉ ရောဂါ   တတိယလှိုင်း၏  အဓိက လိုအပ်ချက်ဖြစ်သည့်   အောက်ဆီဂျင်နှင့်   လူသား အရင်းအမြစ်   (Human  Resources)  တို့သည်      စိန်ခေါ်မှုအကြီးဆုံးကိစ္စများဖြစ်ကြောင်း၊ အောက်ဆီ ဂျင်နှင့်ပတ်သက်ပြီး  ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့်  တာဝန်ယူပြီး ဖြည့်ဆည်းပေးသကဲ့သို့ အချို့အလှူရှင်များက ၎င်းတို့ တတ်နိုင်သည့်ဘက်မှ ပါဝင်ပြီး ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊        ဂျပန်ဆေးရုံကြီး၊ မြောက်ဥက္ကလာ     မေဓာဝီနှင့်     ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာရှိ မိခင်နှင့်ကလေးဆေးရုံ၊ သင်္ဃန်း ကျွန်းဆေးရုံကြီး၊    ယင်းဆေးရုံကြီးများအတွက် အောက်ဆီဂျင်လိုအပ်ချက်  ၂၅ တန်ခန့် ဖြည့်ဆည်း ဆောင်ရွက်ပေးနေရကြောင်း၊   ထို့ပြင်   ရန်ကုန် တိုင်းအတွင်းရှိ   ခရိုင်အဆင့်    ဆေးရုံကြီးများ၊ မြို့နယ်အဆင့် ဆေးရုံကြီးများ၏  အောက်ဆီဂျင် လိုအပ်ချက်မှာလည်း များစွာရှိနေကြောင်း၊ ယခင် ကွာရန်တင်းစင်တာများကိုလည်း              ယနေ့တွင် အောက်ဆီဂျင်ရှူနိုင်သည့်  ကုသရေးစင်တာအဖြစ် ပြောင်းလဲဆောင်ရွက်ပေးလျက်ရှိကြောင်း။

 


ယခုအချိန်တွင် နိုင်ငံတော်အနေဖြင့် ပြည်သူ လူထု၏  လိုအပ်ချက်ဖြစ်သည့် ဆေးနှင့် ဆေးပစ္စည်း များ၊  ဆေးရုံသုံးပစ္စည်းများ၊   အောက်ဆီဂျင်နှင့်  ပတ်သက်သည့်ပစ္စည်းများကို တင်သွင်းသည့်နေရာ တွင်  မူလက  ၁၅ ရာခိုင်နှုန်း   အခွန်ကောက်ရာမှ   ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ  လျှော့ချပြီး   မြန်မြန် ဆန်ဆန်  နိုင်ငံအတွင်း ရောက်ရှိနိုင်ရန်  စီမံဆောင်ရွက် ပေးနေကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အခမဲ့တင်သွင်းခွင့်ပြု လျက်ရှိကြောင်း၊ သက်ဆိုင်ရာ  လေကြောင်းလိုင်း၊ ရေကြောင်းလိုင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် အကောက်ခွန် နှင့်ပတ်သက်ပြီး ပစ္စည်းရောက်သည်နှင့် ချက်ချင်း ထုတ်ယူနိုင်ရန် စီမံဆောင်ရွက်ပေးနေကြောင်း။

 


အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန(FDA)နှင့် ပတ်သက်ပြီး နိုင်ငံတကာ  ဓာတ်ခွဲ ခန်းများက   အသိအမှတ်ပြုထားသည့်  ဆေးနှင့် ဆေးပစ္စည်း၊    ဆေးဝါးကုန်ကြမ်း     အစရှိသည့် ဆေးရုံသုံးပစ္စည်း၊   ဆေးဝါးနှင့်   ပတ်သက်သည့် ပစ္စည်းများကို  FDA     ကင်းလွတ်တင်သွင်းခွင့် ပေးထားကြောင်း၊ ယင်းသို့တင်သွင်းခွင့်နှင့် ဥပဒေ အရ ဖြေလျှော့မှုများသည် အမှန်တကယ် ပြည်သူများ ဆေးဝါးပစ္စည်းများ   ပြတ်လပ်မှုမရှိရန်၊  စျေးနှုန်း ကြီးမြင့်မှုများ မဖြစ်ပေါ်ရန် စီမံဆောင်ရွက်ပေးခဲ့ ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဆေးတင်သွင်းသူ၊ ဆေးဝါးကုမ္ပဏီများ၊ မြန်မာနိုင်ငံ  ဆေးနှင့်     ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့ ပါဝင်ပူးပေါင်းပြီး  အခြေခံပြည်သူလူထု  အသုံးများ သည့်ဆေးဝါးပစ္စည်းများ စျေးနှုန်းကြီးမြင့်မှု မရှိစေ ရန် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
အခြေခံ စားကုန်စျေးနှုန်းများနှင့် ပတ်သက်၍ ပြီးခဲ့သည့်ကာလတွင်  ကြက်ဥစျေးနှုန်း မြင့်တက် သွားသည်ကိုတွေ့ရကြောင်း၊ ယင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်   မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်နှင့်       ရန်ကုန်တိုင်းအတွင်းရှိ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ကြက်ဥ များကို ရပ်ကွက်များ၊  စျေးများတွင် သက်သာသည့် စျေးနှုန်းဖြင့် ချက်ချင်းရောင်းချဖြေရှင်းနိုင်သည့် အတွက်   ကြက်ဥစျေး    ပြန်လည်ကျဆင်းသွားပြီ ဖြစ်ကြောင်း။
ယခုအချိန်တွင် ကုသရေးပိုင်းတွင် အားနည်း နေသည့်  လူသားအရင်းအမြစ်များ    ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်အတွက်   နည်းလမ်းပေါင်းစုံဖြင့် စည်းရုံးဆောင်ရွက်နေသကဲ့သို့ အခြားပံ့ပိုးကူညီမှု များပေးပြီး  ပြည်သူလူထု ကုသမှုအပြည့်အဝရရှိရေး အတွက်            စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊          တပ်မတော် အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနများအားလုံး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က    နေ့စဉ် စဉ်ဆက် မပြတ်  တွေ့ဆုံညှိနှိုင်းပေါင်းစပ်ပြီး လိုအပ်ချက်များကို  ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း၊      ဇူလိုင် ၁ ရက်မှ ဇူလိုင် ၂၃ ရက်အထိ ရန်ကုန်မြို့အပါအဝင် နယ်အသီးသီးတွင်   ပြည်သူများ    သေဆုံးမှုနှုန်း မြင့်တက်ခဲ့ကြောင်း၊   ယခု ဇူလိုင် ၂၄ ရက်မှစပြီး ပြန်ပြီးကျဆင်းလာသည့်အတွက်     ကိုဗစ်-၁၉ တတိယလှိုင်းကို အပြည့်အဝမဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ   ထိန်းချုပ်ဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 


ထို့နောက် တက်ရောက်လာကြသည့် စာနယ်ဇင်း များမှ မေးမြန်းချက်များနှင့် စပ်လျဉ်း၍ စီးပွားရေးရာ ဝန်ကြီးက ပြန်လည်ရှင်းလင်းပြောကြားပြီး ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် က   ဖြည့်စွက် ရှင်းလင်းပြောကြားသည်။
ရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် ဖိတ်ကြား ထားကြသည့်  စာနယ်ဇင်းများမှ  တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


သတင်း - မာမာကြီး၊ ဓာတ်ပုံ - ကိုကိုဇော်