
ရန်ကုန် ဇန်နဝါရီ ၃၀
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား လေးခရိုင် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒေါပုံမြို့နယ်ရှိ အားကစားရုံတွင် ယမန်နေ့ ညနေပိုင်းက ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်လေးခရိုင်မှ အေရိုးဗစ် အားကစားသမားများ က ကိုးဦးတွဲ၊ သုံးဦးတွဲ၊ တစ်ဦးချင်း စိတ်ကြိုက်ပြိုင်ပွဲများဖြင့် ယှဉ်ပြိုင် နေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ တိုင်းဒေသ ကြီး ဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး အမျိုး သမီးအားကစား အဖွဲ့ချုပ် တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ ကြည့်ရှု အားပေးကြသည်။
ပြိုင်ပွဲအပြီးတွင် ဒိုင်များက ပြိုင်ပွဲဝင်အားကစားသမားများ၏ရမှတ်များကို ရေတွက်စဉ် သရုပ်ပြ အေရိုးဗစ်အဖွဲ့က သရုပ်ပြ တင်ဆက်သည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ သရုပ်ပြအဖွဲ့၊ ကိုးဦးတွဲ အေရိုးဗစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အသင်းများ၊ သုံးဦးတွဲ အေရိုးဗစ် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသောအသင်းများ၊ တစ်ဦး ချင်းစိတ်ကြိုက် အေရိုးဗစ်ပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသောအသင်းများအား ဆု တံဆိပ်နှင့်အတူ ငွေသားဆုများ အား တိုင်းဒေသကြီးဝန်ကြီးများ နှင့် တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူ များက ဆုတံဆိပ်များနှင့် ငွေသားဆုများချီးမြှင့်ပေးအပ်သည်။
ယင်းနောက် တံခွန်စိုက်ဆု ဖလားရရှိသော မြောက်ပိုင်းခရိုင် အသင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က တံခွန်စိုက်ဒိုင်းဆု နှင့်ငွေသားဆုများ ချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)