ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့ရှိ  ကမ္ဘာ့ရတနာဘဏ်ခွဲ နှစ်ခုတို့ကို လုယက်မှုကျူးလွန်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးရမိ


 

လုယက်မှုမှရရှိသည့် ငွေများဖြင့် ယာဉ်များဝယ်ယူခြင်း၊ တိုက်ခန်းငှားရမ်းခြင်း၊ လက်နက်ခဲယမ်းများ ဝယ်ယူခြင်း၊ 
ရန်ကုန်မြို့အတွင်း ဆန္ဒပြသူများအား ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်ကြောင်း စစ်ဆေးပေါ်ပေါက်

 

နေပြည်တော်  စက်တင်ဘာ   ၂၁


၂၀၂၁   ခုနှစ်၊   ဇူလိုင်လ  ၁၅  ရက် နံနက် ၁၀ နာရီခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ (၅/၇)    ဗြဟ္မစိုရ်လမ်းရှိ    ကမ္ဘာ့ ရတနာဘဏ်ခွဲအား     EE-4402 CALDINA အဖြူရောင်အငှားယာဉ် ဖြင့်    အမျိုးသား     လေးဦးက သေနတ်   သုံးချက်  ပစ်ဖောက်၍ ငွေကျပ် ၁၈၅ သိန်းအား  လည်း ကောင်း၊  ဩဂုတ်လ  ၃၀  ရက် နံနက် ၁၁ နာရီခွဲခန့်တွင် မရမ်း ကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ သမိုင်းမြို့ဟောင်း  (၈)  လမ်းရှိ ဘုရင့်နောင် ကမ္ဘာ့ရတနာဘဏ်ခွဲ (၂) သို့ YGN 1J/9428  နံပါတ် တပ်ဆင်ထားသည့် Crown အမျိုး အစား        အဖြူရောင်ယာဉ်ဖြင့် ပစ္စတိုသေနတ်ကိုယ်စီ ကိုင်ဆောင် ထားသော    အမျိုးသား     လေးဦး ရောက်ရှိလာပြီး ငွေကျပ် ၁၁၇၉ သိန်းခန့်အား     လည်းကောင်း လုယက်      ယူဆောင်သွားသည့် ဖြစ်စဉ်များဖြစ်ပွားခဲ့သည်။ 
ဆက်စပ်ပစ္စည်းသိမ်းဆည်း
ထိုသို့        ဘဏ်လုယက်မှု ကျူးလွန်ခဲ့သူ တရားခံများ ဖော် ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး အဖွဲ့က အပူတပြင်းလိုက်လံစုံစမ်း ဖော်ထုတ်ဆောင်ရွက်ခဲ့ရာ တောင် ဥက္ကလာပမြို့နယ်ရှိ ကမ္ဘာ့ရတနာ ဘဏ်ခွဲအား လုယက်မှုကျူးလွန်ခဲ့ သူများ အသုံးပြုခဲ့သော EE/4402 CALDINA အဖြူရောင် အငှားယာဉ် မောင်းဖြစ်သူ လင်းလင်းထိုက် (ခ) နဂါးအား    ထိန်းသိမ်းစစ်ဆေး ခဲ့ပြီး    ၎င်း၏     ထွက်ဆိုချက်အရ စမ်းချောင်းမြို့နယ်၊     လင်းလွန်း မြောက်ရပ်ကွက်၊ စစ်ကိုင်းလမ်း၊ တိုက်အမှတ်(၁၆)၊ (၅)လွှာ (ယာ) ခန်းနှင့်  တာမွေမြို့နယ်၊  မလွှကုန်း  ရပ်ကွက်၊ ဗညားဒလလမ်း နေအိမ် တိုက်ခန်းများသို့ ဝင်ရောက်ရှာဖွေ ခဲ့ရာ တရားခံများအား တွေ့ရှိရ ခြင်းမရှိဘဲ ၎င်းတို့အသုံးပြုခဲ့သည့်  ဆက်စပ်ပစ္စည်းအချို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ 
အလားတူ  ဘုရင့်နောင် ကမ္ဘာ့ ရတနာဘဏ်ခွဲ (၂) အား လုယက်မှု ကျူးလွန်စဉ် အသုံးပြုခဲ့သည့် YGN  1J/9428    နံပါတ်တပ်ဆင်ထား သော Crown အမျိုးအစား အဖြူ ရောင်            ယာဉ်ပိုင်ရှင်ဖြစ်သူ ဦးသောင်းထိုက်   အား    ထပ်မံ ထိန်းသိမ်းစစ်ဆေးခဲ့ရာ  ၎င်း၏  ထွက်ဆိုချက်အရ စက်တင်ဘာလ  ၁၈ ရက် ည ၇ နာရီ ခန့်တွင် စိုးသူ အောင်  (ခ)  စိုးကြီးအား ထပ်မံ ထိန်းသိမ်းစစ်ဆေးခဲ့သည်။ စိုးသူ အောင် (ခ) စိုးကြီး၏ ထွက်ဆိုချက် အရ   သူရအောင် (ခ)  သူရ  (ခ)မိုးအောင် နေထိုင်သည့် အင်းစိန် မြို့နယ်၊    ရွာမအရှေ့ရပ်ကွက်၊  အောင်သိဒ္ဓိလမ်း၊ အမှတ် (၁၁၈) ဒုတိယထပ်၊ အခန်း (B) သို့ သွား ရောက်၍  ရှာဖွေရာ  ၎င်း၏မိဘ များဖြစ်သည့်     ဦးနိုင်ဝင်းနှင့် ဒေါ်ကလျာစုလှိုင်သန့်     တို့အား ၎င်းအပ်နှံထားသည့်    ငွေကျပ်  ၆၂ သိန်း၊  လုယက်မှုကျူးလွန်စဉ် တွင်       အသုံးပြုခဲ့သည့်    YGN 9I/1163  Crown  ယာဉ်တို့နှင့် လည်းကောင်း၊ သူရအောင် (ခ)သူရ (ခ) မိုးအောင် (၂၄) နှစ် အား  ဩဂုတ်လ ၁၉ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် အင်းစိန်ဆေးရုံ ဝင်ပေါက်ရှေ့၊ မင်းကြီးလမ်းပေါ် တွင်   လုယက်မှု  ကျူးလွန်ရာမှ ရရှိသည့်ငွေများဖြင့် ဝယ်ယူထား သော YGN 1F/4191 KIA အမျိုး အစား အပြာရောင် ဆလွန်းယာဉ် နှင့်အတူလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။ 
သူရအောင်   (ခ)   သူရ   (ခ)မိုးအောင်၏    ထွက်ဆိုချက်အရ ကမ္ဘာ့ရတနာဘဏ်များကို လုယက် မှု   ကျူးလွန်ရာတွင်   ၎င်းနှင့် မင်းညို (ခ) ကျော်ဇင်လင်း (ခ)အောင်ဆက်နိုင်တို့က ဦးဆောင် ခဲ့ပြီး   ပက်ထရစ်  (ခ) ဝင်းထိုက် ကိုကို၊ ဟိန်းဇေ(ခ)မင်းဟိန်းသူ(ခ)ရာမန်း၊   မြတ်မင်း  (ခ)  ဖြိုးဟိန်း ကျော် (ခ) ဟန်မီဒွတ်လာ၊ မဝင်း ထက်မာ (ခ) ရှီမား (ခ) သင်းယုမေ  နှင့် ဇော်မင်းနိုင် တို့ ပါဝင်ခဲ့ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။ 
လက်နက်များနှင့် ဖမ်းဆီးရမိ
ပါဝင်ပတ်သက်ခဲ့သူများအား ဖမ်းဆီးရမိရေး  ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁၉ ရက် နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် တာမွေ မြို့နယ်၊ ဗျိုင်းရေအိုးစင်ရပ်ကွက်၊ (၁၅၂) လမ်း၊ တိုက်(၄၀)၊ မြေညီ ထပ်(ဝဲ)အခန်း၌  မဝင်းထက်မာ(ခ)ရှီမား (ခ) သင်းယုမေ (၂၂) နှစ် နှင့် ဟိန်းဇေ  (ခ)    မင်းဟိန်းသူ   (ခ)ရာမန်း (၁၉) နှစ် တို့အားလည်း ကောင်း၊ တာမွေမြို့နယ်၊ မေတ္တာ ညွန့်ရပ်ကွက်၊ ရန်ကြီးအောင်လမ်း၊  အမှတ်(၁၃၄၈)၊ မြေညီထပ်(ယာ)အခန်း၌ မင်းညို (ခ) ကျော်ဇင် လင်း(ခ) အောင်ဆက်နိုင် (၂၅)နှစ်၊ အခန်းပိုင်ရှင်ဖြစ်သူ အောင်အောင် (၄၃)     နှစ်နှင့်   အတူနေထိုင်သူ ပြည့်ဖြိုးကျော် (၂၅) နှစ် တို့အား ပစ္စတိုသေနတ်   နှစ်လက်၊   USA 380 ကျည်အတောင့် ၅၀၊ 9MM Luger ကျည်အတောင့် ၅၀၊ ပစ္စတို ကျည်အိမ်အပို တစ်ခု၊ ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ် အတု တစ်လက်၊ အကြမ်းဖက် တိုက်ခိုက်ရာတွင်   အသုံးပြုသည့် ပစ္စည်းများ၊   YGN   9D/6787 နံပါတ်တပ်ဆင်ထားသော TOYO-TA   CROWN   ယာဉ်   တစ်စီး၊ ငွေကျပ်   ၅၀,၅၅၀,၀၀ဝ  တို့နှင့် လည်းကောင်း အသီးသီးဖမ်းဆီး ရမိခဲ့သည်။ 
လက်နက်ကိုင် တိုက်ခိုက်ရေး
ထို့နောက် မွန်းလွဲ ၁၂ နာရီ  ၅၅ မိနစ်ခန့်တွင် ပက်ထရစ်(ခ)ဝင်းထိုက်ကိုကို  (၂၀)  နှစ်အား တာမွေမြို့နယ်၊   ဗျိုင်းရေအိုးစင် ရွာမရပ်ကွက်၊    (၁၅၂)   လမ်း၊ တိုက် (၄၀) ရှိ  မဝင်းထက်မာ (ခ) ရှီမား (ခ) သင်းယုမေ ထံသို့ လာ ရောက်စဉ်၌လည်းကောင်း၊ ညနေ  ၅   နာရီ   ၄၅   မိနစ်အချိန်တွင် မြတ်မင်း (ခ) ဖြိုးဟိန်းကျော် (ခ) ဟန်မီဒွတ်လာ (၂၀) နှစ်အား ၎င်း နေထိုင်ရာ   မင်္ဂလာတောင်ညွန့် မြို့နယ်၊    သပြေကုန်းရပ်ကွက်၊ လမ်း (၁၃၀)၊ တိုက်အမှတ်(၅၀)၊  ၇ လွှာ (ဝဲ) ခြမ်းတွင် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။ 
ဖမ်းဆီးရမိသူများကို စစ်ဆေး ချက်များအရ ၎င်းတို့သည် ဆူပူ ဆန္ဒပြမှုများတွင်      ပါဝင်ခဲ့ပြီး မတ်လအတွင်း၌ သူရအောင် (ခ)သူရ (ခ) မိုးအောင်၊ မင်းညို (ခ) ကျော်ဇင်လင်း  (ခ) အောင်ဆက် နိုင်၊ ဝင်းထက်မာ (ခ)  ရှီမား  (ခ)သင်းယုမေ၊    ပက်ထရစ်     (ခ)ဝင်းထိုက်ကိုကို၊   ဟိန်းဇေ  (ခ) မင်းဟိန်းသူ (ခ) ရာမန်း တို့သည် KIA တပ်မဟာ ၄ မိုင်ဂျာယန်တွင် အကြမ်းဖက်သင်တန်းအား တက် ရောက်ခဲ့ကြောင်း၊ မေလအတွင်း ရန်ကုန်မြို့သို့    ပြန်ရောက်ပြီး မင်းညို (ခ) ကျော်ဇင်လင်း၊ သူရ အောင် (ခ) သူရ၊ ပက်ထရစ် (ခ)  ဝင်းထိုက်ကိုကိုတို့နှင့်အတူ UGP (Urban  Gurella  Post)  မြို့ပြ ပျောက်ကျားသတင်းစဉ် ခေါင်းစဉ် ဖြင့်            လှုပ်ရှားခဲ့ကြကြောင်း၊ ထို့နောက်  P.R.A (People Repu-blican Army) အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး  သူရအောင် (ခ) သူရက ရန်ပုံငွေ ရှာဖွေရေး    တာဝန်ကိုလည်း ကောင်း၊ မင်းညို (ခ) ကျော်ဇင်လင်း က  လက်နက်ခဲယမ်းများ ဝယ်ယူ ရေး    တာဝန်ကိုလည်းကောင်း၊ ဝင်းထက်မာ    (ခ)  ရှီမား  (ခ)သင်းယုမေသည်    စာရင်းဇယား ကိုင်တွယ်       ထိန်းသိမ်းခြင်း တာဝန်ကိုလည်းကောင်း အသီးသီး ရယူခဲ့ကြောင်း၊ အဖွဲ့၏ရည်ရွယ် ချက်မှာ ငွေကြေးများ လုယက်ပြီး လက်နက်ကိုင်    တိုက်ခိုက်ရေး ဘက်သို့      ဦးတည်နိုင်ရန်ဖြစ် ကြောင်း၊ ဝင်းထက်မာ (ခ) ရှီမား (ခ) သင်းယုမေသည် အကြမ်းဖက် အုပ်စုအဖြစ် ကြေငြာထားသည့်  NUG    မှ    အိသဉ္ဇာမောင်၏ လူ့ဘောင်သစ်    ဒီမိုကရက်တစ် ပါတီ ပန်းဘဲတန်းမြို့နယ် လူငယ် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ မတ်လအထိ တာဝန် ထမ်းဆောင်ခဲ့ကြောင်း၊ အိသဉ္ဇာ မောင်နှင့်အတူ       လှိုင်မြို့နယ် အတွင်း      ဆူပူဆန္ဒပြပွဲများတွင် မတ်လ            ပထမပတ်အထိ ဆက်တိုက်ပါဝင်ခဲ့ကြောင်း သိရှိရ သည်။    
ထွက်ဆိုချက်များအရ မင်းညို (ခ)  ကျော်ဇင်လင်း  (ခ)  အောင် ဆက်နိုင်သည်     ၂၀၂၁      ခုနှစ်၊   ဇွန်လကုန်ခါနီးတွင် ဆူပူဆန္ဒပြမှု  များအတွင်း   သိကျွမ်းရင်းနှီးခဲ့သူ ဝင်းကျော်(ခ)ဝင်းမောင်(စိစစ်ဆဲ) ထံမှ  SIGSAUGER 9mm ပစ္စတို သေနတ် တစ်လက်၊ ကျည်အိမ်အပို တစ်ခုနှင့်   ကျည်  ၅၅   တောင့် တို့အား  ငွေကျပ်  ၃၈   သိန်းဖြင့် လည်း ကောင်း၊ ဩဂုတ်လ ၁၅ ရက်နေ့ တွင် SUR-2004-9mm-PAK ပစ္စတိုသေနတ်  တစ်လက်၊   ၎င်း ကျည်အတောင့်    ၅၀    တို့အား ငွေကျပ်သိန်း   ၃၀   ဖြင့်လည်း ကောင်း ဝယ်ယူခဲ့ပြီး လုယက်မှု များကျူးလွန်ရာတွင် အသုံးပြုခဲ့ ကြောင်း      စစ်ဆေးပေါ်ပေါက်ခဲ့ သည်။
စစ်ဆေးပေါ်ပေါက်
လုယက်မှု ကျူးလွန်သူများ သည် ဘဏ်များအား လုယက်ရာမှ ရရှိခဲ့သည့်ငွေများအား   ၎င်းတို့ လှုပ်ရှားသွားလာရာတွင် အသုံး ပြုသည့် ယာဉ်များဝယ်ယူခြင်းနှင့် ငှားရမ်းခြင်း၊    တိုက်ခန်းငှားရမ်း ခြင်း၊        လက်နက်ခဲယမ်းများ  ဝယ်ယူခြင်း၊ ရန်ကုန်မြို့အတွင်းရှိ  ဆန္ဒပြသူများအား      ငွေကြေး ထောက်ပံ့ခြင်း၊ ၎င်းတို့၏ကိုယ်ရေး ကိုယ်တာနှင့်  အပျော်အပါးများ အတွက်   အသုံးပြုခြင်းတို့တွင်  သုံးစွဲခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။ 
ထွက်ပြေးတိမ်းရှောင်နေသူ 
အမြန်ဆုံး ဖမ်းမိရေး 
အထက်ပါ လုယက်မှုဖြစ်စဉ် များတွင် ပြစ်မှုကျူးလွန်ခဲ့သူများ နှင့်  လုယက်မှုကျူးလွန်ရာမှ  ရရှိ သည့်     ငွေများအား    လက်ခံ သိမ်းဆည်း ထားပေးသူများဖြစ် သည့် နိုင်ဝင်းနှင့် ကလျာစုလှိုင် သန့်တို့ နှစ်ဦးအား လည်းကောင်း၊  လက်နက်ခဲယမ်းဆက်စပ်ပစ္စည်း များနှင့်အတူ  တိုက်ခန်းအတွင်း လက်ခံထားရှိသူ အောင်အောင်နှင့် ပြည့်ဖြိုးကျော်တို့     နှစ်ဦးအား လည်းကောင်း   ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့်    လုယက်မှု ကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ပြီး  ထွက်ပြေး      တိမ်းရှောင်နေသူ ဇော်မင်းနိုင်အား     အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး      ဆက်လက် ဆောင်ရွက်လျက်         ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်