ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီမှ မီဒီယာရှင်းလင်းပွဲကျင်းပ

 

ရန်ကုန်   ဇန်နဝါရီ    ၂၆


ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ(YRTC) မှ ၂၀၂၂ ခုနှစ်၏ ပထမဆုံးသော မီဒီယာရှင်းလင်းပွဲ ကို ယနေ့နံနက်  ၁၀  နာရီတွင်  ရန်ကုန်မြို့ရှိ YRTC  ရုံးချုပ်အစည်း အဝေးခန်းမ၌ ကျင်းပသည်။ 

 


အဆိုပါ   မီဒီယာရှင်းလင်းပွဲ တွင်   သက်ဆိုင်ရာ   YRTC  မှ တက်ရောက်လာကြသည့်   ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ ဒုတိယဥက္ကဋ္ဌ ဦးချစ် ကိုကိုက မီဒီယာတွေ့ဆုံပွဲ ကျင်းပ ရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး YRTC မှ တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က အသေးစိတ်     ဆွေးနွေးကာ ကော်မတီအဖွဲ့ဝင် ဦးခင်မောင် ထွေးက     YRTC   အနေဖြင့် ယာဉ်စည်းကမ်း  ထိန်းသိမ်းရေး နှင့်    စစ်ဆေးရေးအဖွဲ့များ၏ လတ်တလော စစ်ဆေးအရေးယူ ဆောင်ရွက်နေမှုများနှင့် ပတ်သက် ၍ တက်ရောက်လာသော မီဒီယာ များအား ရှင်းလင်းဆွေးနွေးသည်။

 


ဆက်လက်ပြီး တွဲဖက်အတွင်း ရေးမှူးက    မီဒီယာအသီးသီး၏ မေးမြန်းမှုကို     ဖြေကြားရာတွင်  “ဒီကနေ့ကျင်းပတဲ့            မီဒီယာ တွေ့ဆုံဆွေးနွေးပွဲကတော့ အဓိက YPS ကတ်စနစ် အသုံးပြုနိုင်ရေးကို ခရီးသွားပြည်သူအားလုံး သိစေ ချင်တယ်။    ဘယ်လိုဝယ်ရတယ်၊ ဘယ်လိုသုံးရတယ်၊     ဘယ်လို အကျိုးကျေးဇူးတွေ    ရရှိတယ် ဆိုတာကို ပြည်သူတွေ အားလုံး သိစေချင်တာ၊ အမြဲတမ်း YPS ကတ်အသုံးပြုရင် စပယ်ယာတွေ (ယာဉ်နောက်လိုက်တွေနဲ့ ဆက်ဆံ ရတဲ့အခက်အခဲတွေ) ငွေအကြွေ ရှာရတဲ့         အခက်အခဲတွေ၊ လတ်တလော   ကြုံတွေနေရတဲ့ ကိုဗစ်နဲ့     ပတ်သက်လို့လည်း ကြိုတင်ကာကွယ်ရာ ရောက်ရှိမှာ ဖြစ်ပါတယ် စတဲ့အကျိုးတွေရရှိမှာ ဖြစ်ပါတယ်”ဟု ဖြေကြားသည်။

 


ယခု လတ်တလောတွင် YPS ကတ်များကို YUPT၊ YBPC ၊ GYCY၊ ဗန္ဓုလနှင့် လူထုမိတ်ဆွေ ကုမ္ပဏီ ငါးခုမှ YBS ယာဉ်အစီးရေ ၁၉၄ စီးတွင်   တပ်ဆင်အသုံးပြုလျက် ရှိသည်။  ကျန်သည့်   ရန်ကုန်မြို့ အတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းကုမ္ပဏီများ၊     ယာဉ် ပိုင်ရှင်များနှင့်လည်း YPS ကတ် ကို ခရီးသွားပြည်သူများအကြား တွင်ကျယ်စွာ ဆက်လက်အသုံး ပြုနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်   YRTC  နှင့် တွဲဖက်ပူးပေါင်း  လုပ်ကိုင်လျက် ရှိသော Asia Starmar Transport Intelligent Co.,ltd က ဆက်လက် ညှိနှိုင်းဆောင်ရွက်မှုများ  ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်း- မြင့်မိုရ် 
ဓာတ်ပုံ- မင်းထက်