ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ UAB ဘဏ်အား သေနတ်အတုဖြင့် ဝင်ရောက်လုယက်သူ  ဒုစရိုက်သမား တစ်ဦးကို ဘဏ်ဝန်ထမ်းနှင့် တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် အချိန်တိုအတွင်းဖမ်းမိ

 

 

နေပြည်တော်   ဇန်နဝါရီ   ၁၈
ဝိသမလောဘဒုစရိုက်သမားများ အနေ ဖြင့်    နိုင်ငံတော်အတွင်း   နေရာဒေသ အချို့ ၌   လတ်တလောဖြစ်ပေါ်နေသော   အခြေအနေများနှင့်     PDF  အမည်ခံ အကြမ်းဖက်အဖွဲ့များ၏  အကြမ်းဖက် ဖောက်ခွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း များကြောင့် အပြစ်မဲ့ပြည်သူများအကြား တွင်   စိုးရိမ်ကြောက်ရွံ့မှုများ  ဖြစ်ပေါ် ကာ   အချင်းချင်း   ပူးပေါင်းဆောင်ရွက် မှု    အားနည်းလာခြင်းအပေါ်    အခွင့် အရေးတစ်ရပ်အနေဖြင့် အသုံးချကာ လက်နက်များ/ လက်နက်(အတုများ)   အသုံးပြု၍  ဘဏ်နှင့် ရွှေဆိုင်အချို့အား 
လုယက်မှုများ  ကျူးလွန်လျက်ရှိ သည်။
ထိုကဲ့သို့      လုယက်မှုများ ကျူးလွန်လျက်ရှိရာ   ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန် တိုင်းဒေသကြီး  လသာမြို့နယ်ရှိ UAB ဘဏ်အား သေနတ်အတုဖြင့်    ဝင်ရောက်လုယက်သူ   ဒုစရိုက် သမား တစ်ဦးကို ဘဏ်ဝန်ထမ်းနှင့် တာဝန်သိပြည်သူများ၏ ပူးပေါင်း ကူညီမှုဖြင့်     အချိန်တိုအတွင်း  ဖမ်းဆီးရမိခဲ့ကြောင်း   သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ    ၁၂  နာရီ   ၁၀  မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး   လသာ မြို့နယ်     အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းနှင့် (၁၉)လမ်းထိပ် ရှိ UAB ဘဏ်၌ ဘဏ်ဝန်ထမ်းများ ဖြစ်သည့် သန်လျင်မြို့နယ် တာဝ ရပ်ကွက်နေ      ဘဏ်မန်နေဂျာ ဒေါ်ခင်ချိုချို (၃၆)နှစ်  (ဘ)ဦးစိုး အောင်ပါ   ဘဏ်ဝန်ထမ်း   ကိုးဦး နှင့်     ဘဏ်လုံခြုံရေးဝန်ထမ်း   တစ်ဦးတို့သည်       ဘဏ်လုပ်ငန်း များ ဆောင်ရွက်နေစဉ်  အမျိုးသား တစ်ဦးက      ဘဏ်အတွင်းသို့ ဝင်ရောက်လာပြီး    ဘဏ်လုံခြုံ ရေး     ဝန်ထမ်းအား     သေနတ်ပြ ခြိမ်းခြောက်၍  ငွေထုတ်ငွေသွင်း ကောင်တာတွင် အသင့်ရှိနေသည့် ငွေကျပ်      ၇၉၇၅၀၀၀   ကို ကျောပိုးအိတ်အတွင်း   ထည့်၍ ဘဏ်အပြင်ဘက်သို့   ပြန်လည် ထွက်ခွာရန်    ပြုလုပ်စဉ်   ဘဏ် ဝင်ပေါက်   တံခါးအနီးအရောက် ၌     ဘဏ်လုံခြုံရေးဝန်ထမ်းနှင့် တာဝန်သိပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ လုယက်မှုကျူးလွန် သူကို အချိန်တိုအတွင်း ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။ 
အခင်းဖြစ်နေရာအား လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ဘဏ်ဝန်ထမ်းများ ကို သေနတ်အတုဖြင့် ခြိမ်းခြောက် ၍ ငွေများလုယက်မှုကျူးလွန်ခဲ့သူ ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ်     ဘုရားကုန်းကျေးရွာ အမှတ် (၁၂၄) နေ   ထွန်းထွန်း (၃၉)နှစ်    (ဘ) ဦးထွန်းဝင်းကို ၎င်းလုယက်မှု       ကျူးလွန်ရာ တွင်    အသုံးပြုခဲ့သည့်   ပစ္စတို ကော်သေနတ်အတု  တစ်လက်၊ ငွေကျပ် ၇၉၇၅၀၀၀ တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထိုကဲ့သို့      ဘဏ်ဝန်ထမ်း များကို        သေနတ်အတုဖြင့် ခြိမ်းခြောက်လုယက်မှု ကျူးလွန် ရာမှ      ဘဏ်ဝန်ထမ်းများနှင့် တာဝန်သိပြည်သူများ၏ ဝိုင်းဝန်း ပူးပေါင်းကူညီမှုဖြင့်    အချိန်တို အတွင်း ဖမ်းဆီးရမိခဲ့သူ တရားခံ ထွန်းထွန်းအား   ဥပဒေနှင့်အညီ  ထိရောက်စွာ    အရေးယူနိုင်ရေး လုံခြုံရေး      တပ်ဖွဲ့ဝင်များက ဆက်လက်  ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်