
နေပြည်တော် ဩဂုတ် ၂၄
ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ်တွင် ငွေကျပ် သိန်း ၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရ သည်။
ဖြစ်စဉ်မှာ မူးယစ်ဆေး ဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဩဂုတ် ၂၂ ရက် ညနေ ၄ နာရီခန့်တွင် လှိုင်မြို့နယ် အမှတ်(၂)ရပ်ကွက် ဦးစလမ်း အိမ်အမှတ် (၇၈/၇)ရှိ ထွန်းရွှေ (ခ) အားတီ (၄၉ နှစ်)၏ နေအိမ်ကို သတင်းအရ ရှာဖွေရာ ၎င်းနှင့် အတူ ထွန်းထွန်း အေး(၄၈ နှစ်) ကို စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀၀၀၀၊ MARK II SALOON မော်တော်ယာဉ် တစ်စီးနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ် ဆေးပြားများ ပိုင်ရှင် မနာရှီးဘို(ခ) မလားဟူ (၃၈ နှစ်)၊ ထွန်းမောင် (၄၅ နှစ်)တို့ကို ညနေ ၆ နာရီခွဲခန့်တွင် တောင်ဥက္ကလာပ မြို့နယ် အမှတ်(၄)ရပ်ကွက် ပါရမီ လမ်း၌ BMW မော်တော်ယာဉ် တစ်စီးနှင့် အတူ ဆက်လက် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန် သူများအား စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်