
နေပြည်တော် ဧပြီ ၂၅ နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စု အဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ပြည်သူ အတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်း များနှင့် ပြည်သူများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများ၊ အပြစ်မဲ့ ပြည်သူများ သေကျေပျက်စီးစေ ရန် ရည်ရွယ်ချက်ဖြင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့် နေရာများတွင် မိုင်းထောင်ဖောက်ခွဲခြင်းများ၊ နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေ ရန်အတွက် နိုင်ငံတော်အစိုးရနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။
တိုင်ကြားချက်အရ
ဖမ်းဆီးရမိ
ထိုသို့ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် သမားများအား ရှာဖွေဖော်ထုတ် ဖမ်းဆီး ခြင်းများကို နေ့/ညမပြတ် အရှိန် အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ရပ်နှင့် အကြမ်း ဖက်လုပ်ရပ်များကို မလိုလားသည့် ဒေသခံပြည်သူများ၏ လျှို့ဝှက်သတင်း ပေးပို့ တိုင်ကြားချက်အရ ၂၀၂၃ ခုနှစ် ဧပြီ ၁၉ ရက် မွန်းလွဲပိုင်းတွင် သန်လျင် မြို့နယ် ပေါက်တောကျေးရွာအနီး ပတ်ဝန်းကျင်အား ပိတ်ဆို့ရှာဖွေ ရှင်းလင်း ခဲ့ရာ ခရမ်း PDF အမည်ခံအကြမ်းဖက် အဖွဲ့ဝင် ရီထွေးအား AK-47 တစ်လက်၊ Type-056 တစ်လက်၊ Glock-19 တစ် လက်၊ ကျည်အိမ်မျိုးစုံ ငါးခု၊ ၇ ဒသမ ၆၂ ကျည် ၆၈ တောင့်၊ ၉ မမ ကျည် ၃၆၉ တောင့်၊ ပွိုင့်-၃၈၀ ကျည် ၁၅ တောင့်တို့ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံ ရီထွေး၏ ထွက်ဆိုချက်အရ ခရမ်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ထက်ရဲလင်း(ခ) အေးမောင်နှင့် အဖွဲ့ဝင် အချို့သည် ရန်ကုန်မြို့အတွင်း၌ ဖြန့်ခွဲအခြေပြု တိမ်းရှောင်လျက်ရှိ ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၂ ရက် မွန်းလွဲပိုင်း တွင် မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် အထက်ဗဟိုလမ်း မုဒိတာ အိမ်ရာ တိုက်အမှတ်(C) (၄)လွှာ အခန်း (၄၀၉)မှ အကြမ်းဖက်အဖွဲ့ဝင်များဖြစ် သည့် ထက်ရဲလင်း (ခ) အေးမောင်၊ စိုးထက်အောင် (ခ)သာလိကာ၊ ကျော်မင်း ထက်(ခ)စာကလေးတို့ သုံးဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ကျော်မင်းထက် (ခ) စာကလေး၏ ထွက်ဆိုချက်အရ ယင်းနေ့ ညနေပိုင်းတွင် ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက် ဗိုလ်အောင်ကျော် လမ်း တိုက်အမှတ်(၃၆) (၄)လွှာ အခန်း (A)၌ အကြမ်းဖက်အဖွဲ့ဝင်များ ဖြစ်သည့် မိုးပြည့်စုံကျော် (ခ) ဒေဝ (ခ) မှတ်ကြီး၊ အောင်မျိုးလွင်(ခ)DK(ခ)ဇော်ကြီးသား နှင့် သန့်ဇင်ဦး(ခ)ဗိုက်ကလေး တို့ သုံးဦး ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
လက်နက်များဖော်ထုတ် သိမ်းဆည်းရမိ
ဖမ်းဆီးရမိတရားခံ ထက်ရဲလင်း(ခ)အေးမောင်၏ ထွက်ဆိုချက်အရ ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် ခရမ်းမြို့နယ် မကျည်းကုန်းကျေးရွာနှင့် သုံးခွမြို့နယ် ဆည်ကြီးကုန်းကျေးရွာ အကြားရှိ လယ်ကွင်းအတွင်း သိုဝှက်မြှုပ်နှံထား သော BA-63 နှစ်လက်၊ ကျည်အိမ် နှစ်ခု၊ ၇ ဒသမ ၆၂ ကျည် ၂၅ တောင့်တို့ကို လည်းကောင်း၊ ခရမ်းမြို့နယ် ညောင်ပင် ကျေးရွာနှင့် အလယ်ကျေးရွာအကြားရှိ လယ်ကွင်းအတွင်း သိုဝှက်မြှုပ်နှံထားသော ပွိုင့်-၃၈၀ ပစ္စတို တစ်လက်၊ Beretta ပစ္စတို တစ်လက်၊ M-4 ကာဘိုင် နှစ်လက်၊ M-22 တစ်လက်၊ ပွိုင့်-၃၀ ကာဘိုင် တစ် လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ တစ်လက်၊ ပွိုင့်-၂၂ လက်လုပ်သေနတ် တစ်လက်၊ ပွိုင့်-၃၈၀ ကျည် ခုနစ်တောင့်၊ ၉ မမ ကျည် ရှစ်တောင့်၊ ပွိုင့်-၃၀ ကျည် ၂၅ တောင့်၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၁၂၀ ၊ ၇ ဒသမ ၆၂ ကျည်အတောင့် ၂၀၀၊ ၄၀ မမ ဗုံးသီး ငါးလုံး၊ ပစ္စတိုကျည်အိမ် နှစ်ခု၊ ပွိုင့်-၃၀ ကာဘိုင် ကျည်အိမ်(အရှည်/အတို) နှစ်ခု၊ M-4 ကာဘိုင်ကျည်အိမ် ငါး ခု၊ M-22 ကျည်အိမ် ငါးခု၊ လက်လုပ် လက်ပစ်ဗုံး ခြောက်လုံးတို့ကိုလည်းကောင်း၊ ဧပြီ ၂၄ ရက် ညပိုင်းတွင် ခရမ်းမြို့နယ် ကန်သာကျေးရွာ၏ အနောက်ဘက်ရှိ ကောက်ရိုးပုံအတွင်းမှ M-16 နှစ်လက်၊ M4A1 တစ်လက်၊ ၁၂ ဗို့ တစ်လက်၊ ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာ တစ်လက်၊ ပွိုင့်-၃၈၀ ကျည် ၂၆ တောင့်၊ ၉ မမ ကျည် ၆၈ တောင့်၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၄၈၀ ၊ ၇ ဒသမ ၆၂ ကျည် ၁၉၆ တောင့်၊ ၁၂ ဗို့ကျည် အတောင့် ၄၀ ၊ ၄၀ မမ ဗုံးသီး ၁၉ လုံး၊ စနိုက်ပါကျည်အိမ် တစ်ခု၊ M-22 ကျည်အိမ် တစ်ခု၊ M-16 ကျည်အိမ် သုံးခု၊ ၁၂ ဗို့ကျည်အိမ် နှစ်ခု၊ M4A1 ကျည်အိမ် နှစ်ခုတို့ကိုလည်းကောင်း ဖော်ထုတ် သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် အကြမ်းဖက်အဖွဲ့ဝင် တရားခံ ခုနစ်ဦး၊ လက်နက်မျိုးစုံ ၁၈ လက်၊ ကျည်အိမ်မျိုးစုံ ၃၀ ၊ ကျည်မျိုးစုံ ၁၆၀၇ တောင့်၊ ၄၀ မမ ဗုံးသီး ၂၄ လုံး၊ လက်လုပ်လက်ပစ်ဗုံး ခြောက်လုံးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို ချက်အရ ထက်ရဲလင်း(ခ)အေးမောင်သည် ၂၀၂၁ ခုနှစ် မတ်လ(နောက်ဆုံးပတ်)တွင် ဖမ်းဆီးရန်ကျန်တရားခံ ထွန်းထွန်းဝင်း (ခ) မီးပွား၏ ချိတ်ဆက်ပေးမှုဖြင့် KNLA တပ်မဟာ(၆)နယ်မြေ ဖလူးလေးစခန်း၌ အကြမ်းဖက်သင်တန်းအား ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် စနေ၊ အောင်သူလွင်၊ ချမ်းမြေ့အောင်၊ စည်သူ၊ ကိုပိုင်၊ ဗျတ်ဝိအပါ သင်တန်းသား ၁၃ဦး ဖြင့် ၁၄ ရက်၊ မေ ၁၂ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ကျော်ဇင်ဝင်း၊ စနေ၊ ဇော်ကြီး၊ အောင် ကျော်သူ၊ မင်းမင်း၊ ကတုံးတို့ ခြောက်ဦး နှင့်အတူ KNLA တပ်မဟာ(၅) နယ်မြေ နတ်ကြီးကျေးရွာအနီးရှိ စခန်းသို့သွား ရောက်၍ အကြမ်းဖက်သင်တန်းအား သင်တန်းသား ၁၀၀ ဖြင့် ၁၅ ရက် တက် ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။
PDF အမည်ခံအကြမ်းဖက်စခန်း၌
တက်ရောက်
အလားတူ ဖမ်းဆီးရမိတရားခံ ကျော်မင်းထက်(ခ) စာကလေးသည် ၂၀၂၂ ခုနှစ် မေလခန့်တွင် KNLA တပ်မဟာ(၁)၊ ရင်း(၃)သို့ သွားရောက်၍ အကြမ်းဖက် သင်တန်း ၂၁ ရက်၊ အောင်မျိုးလွင်(ခ)DK(ခ) ဇော်ကြီးသားသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလခန့်တွင် အကြမ်းဖက် သင်တန်း တစ်လ၊ မိုးပြည့်စုံကျော်(ခ)ဒေဝ(ခ) မှတ်ကြီးသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလခန့်တွင် အကြမ်းဖက် သင်တန်း ၁၅ ရက်၊ စိုးထက်အောင် (ခ) သာလိကာသည် ဧပြီ ၂၇ ရက် တွင် အကြမ်းဖက်သင်တန်း ၁၅ ရက်၊ သန့်ဇင်ဦး(ခ)ဗိုက်ကလေးသည် ဇွန်လခန့် တွင် အကြမ်းဖက်သင်တန်း ၁၅ ရက် KNLA တပ်မဟာ(၁)နယ်မြေ ပိန္နဲကုန်း ကျေးရွာအနီးရှိ ခရမ်း PDF အမည်ခံ အကြမ်းဖက်စခန်း၌ တက်ရောက်ခဲ့ကြ ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို ချက်အရ ၂၀၂၁ ခုနှစ် မေ ၁၅ ရက်တွင် ခရမ်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့အား ဖမ်းဆီးရန်ကျန် တရားခံ ထွန်းထွန်းဝင်း (ခ)မီးပွားက ခေါင်းဆောင်၍ ခရမ်းမြို့နယ် အတွင်း၌ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အပြစ်မဲ့ပြည်သူများ အား လုပ်ကြံသတ်ဖြတ်ခြင်းများ ဆောင် ရွက်ရန် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရ ပြီး ထက်ရဲလင်း (ခ) အေးမောင်သည် ၂၀၂၁ ခုနှစ် ဩဂုတ်လခန့်တွင် လည်း ကောင်း၊ အောင်မျိုးလွင် (ခ) DK (ခ)ဇော်ကြီးသား သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ခန့်တွင် လည်းကောင်း၊ မိုးပြည့်စုံကျော်(ခ)ဒေဝ (ခ)မှတ်ကြီးသည် ဖေဖော်ဝါရီလခန့်တွင် လည်းကောင်း၊ စိုးထက်အောင် (ခ)သာလိကာသည် ဧပြီလခန့်တွင် လည်း ကောင်း၊ ကျော်မင်းထက်(ခ)စာကလေး နှင့် သန့်ဇင်ဦး(ခ)ဗိုက်ကလေးတို့ နှစ်ဦး သည် ၂၀၂၂ ခုနှစ် ဇွန်လခန့်တွင် လည်း ကောင်း ခရမ်း PDF အမည်ခံ အကြမ်းဖက် အဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆို ချက်အရ ခရမ်း PDF အမည်ခံ အကြမ်း ဖက်အဖွဲ့ခေါင်းဆောင် ထွန်းထွန်းဝင်း(ခ)မီးပွား၏ ခိုင်းစေမှုဖြင့် ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်အတွင်းတို့၌ အကြမ်းဖက် သတ်ဖြတ်မှု ၃ ကြိမ်နှင့် ပစ်ခတ်တိုက်ခိုက် မှု ၁၅ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း-
á ၂၀၂၂ ခုနှစ် မတ် ၁၀ ရက်တွင် အောင်မျိုးလွင် (ခ) DK (ခ)ဇော်ကြီးသားနှင့် ဖမ်းဆီးရန် ကျန် တရားခံ တဇွတ်ထိုးသည် ဒေးပေါက်ကျေးရွာနေ အပြစ်မဲ့ ပြည်သူ ဦးမြင့်စိုးအား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ ကြောင်း။
á နိုဝင်ဘာ ၁၂ ရက်တွင် မိုးပြည့်စုံ ကျော်(ခ) ဒေဝ (ခ) မှတ်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံ အေးမင်းလတ် (ခ) မိုးကြိုးတို့ နှစ်ဦးသည် ခရမ်းမြို့နယ် ဂွေးပင် ချောင်းကျေးရွာနေ အပြစ်မဲ့ ပြည်သူ ဦးဝင်းနိုင်အား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ ကြောင်း။
á ၂၀၂၃ ခုနှစ် မတ် ၃၀ ရက်တွင် စိုးထက်အောင်(ခ)သာလိကာ၊ ကျော်မင်းထက် (ခ) စာကလေး နှင့် ဖမ်းဆီးရန်ကျန် တရားခံများ ဖြစ်သည့် လူလှ၊ ရွှေသွေး၊ စနေ၊ သက်ပိုင်စိုး (ခ) သက်ကြီးတို့ ခြောက်ဦးသည် ခရမ်းမြို့ (၁)ရပ်ကွက်၊ ကံဘဲ့အပိုင်း၌ နေထိုင် သူ အပြစ်မဲ့ပြည်သူ ဦးမျိုးဇော်ဦး အား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း။
á ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ထက်ရဲလင်း (ခ)အေးမောင်၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် အေးမင်း လတ်(ခ)မိုးကြိုးနှင့် ကျွဲကြီးတို့ သုံးဦးသည် ခရမ်းမြို့နယ် ကရင်ကန်စစ်ဆေးရေးဂိတ်နှင့် မြို့နယ်အားကစားခန်းမတို့အား လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း။
á ဒီဇင်ဘာလခန့်တွင် ထက်ရဲလင်း (ခ)အေးမောင်နှင့် ဖမ်းဆီးရန် ကျန် တရားခံများဖြစ်သည့် စနေ၊ သက်ပိုင်စိုး (ခ) သက်ကြီး၊ ကျွဲကြီး၊ တိုးတက်အောင် (ခ)တာရာ၊ ဂျက်ဆင်(ခ)ထွန်းလင်း သော်တို့ ခြောက်ဦးသည် ခရမ်း မြို့နယ် ပိန်းကန်ကျေးရွာရှိ ရဲကင်းစခန်းအား ၄၀ မမ လက် လုပ် ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့ကြောင်း။
á ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (ဒုတိယ ပတ်)တွင် ဖမ်းဆီးရန်ကျန် တရားခံ စနေက ခေါင်းဆောင်၍ ထက်ရဲလင်း(ခ)အေးမောင်နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ် သည့် ကိုဟိန်း၊ ဂျက်ဆင်(ခ)ထွန်းလင်းသော်၊ နဂါးလေး၊ ကျွဲကြီး၊ မိုးဇက်၊ စစ်ပိုင်၊ ဂဏန်း၊ သားကြီး၊ တိုးတက်အောင် (ခ) တာရာ၊ သက်ပိုင်စိုး(ခ)သက်ကြီး တို့ ၁၂ ဦးသည် ဘုရားပျိုကျေးရွာ ရှိ ရဲကင်းစခန်းအား လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း။
á ဖေဖော်ဝါရီ ၂၈ ရက်တွင် ထက်ရဲလင်း (ခ) အေးမောင်နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ် သည့် ဂျက်ဆင်(ခ)ထွန်းလင်း သော်၊ အောင်ဇေ၊ သက်ပိုင်စိုး (ခ)သက်ကြီးတို့ လေးဦးသည် ခရမ်း မြို့နယ် ပိန်းကန်ကျေးရွာရှိ ရဲကင်းစခန်းအား M-79 ဗုံးပစ် လောင်ချာဖြင့် ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် ယင်းနေ့၌ပင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ရဲနိုင်၊ နဂါးလေး၊ ဂဏန်း၊ မိုးဇက်၊ အေးမင်းလတ် (ခ) မိုးကြိုးနှင့် တိုးတက်အောင်(ခ)တာရာတို့ ခြောက်ဦးမှ နယ်မြေရှင်းလင်းရန် ထွက်ခွာလာသည့် လုံခြုံရေး ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်း။
á မတ်လ(ဒုတိယပတ်)တွင် ထက် ရဲလင်း(ခ)အေးမောင်နှင့် ဖမ်းဆီး ရန်ကျန် တရားခံများဖြစ်သည့် ထက်ဝေယံ၊ ဂျက်ဆင်(ခ)ထွန်း လင်းသော်တို့ သုံးဦးသည် ဘုရား ပျိုကျေးရွာရှိ ရဲကင်းစခန်း အား M-79 ဗုံးပစ်လောင်ချာဖြင့် ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း။
á မတ်လ (နောက်ဆုံးပတ်) တွင် ထက်ရဲလင်း(ခ)အေးမောင်နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ် သည့် ထက်ဝေယံ၊ ဂျက်ဆင်(ခ)ထွန်းလင်းသော်၊ အောင်ဇေတို့ လေးဦးသည် သုံးခွမြို့မရဲစခန်း အား M-79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။
á ဧပြီလ(ပထမပတ်)တွင် ထက် ရဲလင်း(ခ)အေးမောင်နှင့် ဖမ်းဆီး ရန်ကျန် တရားခံများဖြစ်သည့် ဂျက်ဆင် (ခ) ထွန်းလင်းသော်၊ အောင်ဇေ၊ ကိုတူး တို့ လေးဦး သည် ပိန်းကန်ကျေးရွာရှိ ရဲကင်း စခန်းအား M-79 ဗုံးပစ် လောင်ချာဖြင့် တတိယအကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။
á ဧပြီလ (ဒုတိယပတ်)တွင် ထက် ရဲလင်း(ခ)အေးမောင်၊ မိုးပြည့်စုံ ကျော် (ခ) ဒေဝ (ခ) မှတ်ကြီး၊ သန့်ဇင်ဦး (ခ) ဗိုက်ကလေးနှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ် သည့် စနေ၊ ကိုထူး၊ ကိုဟိန်း၊ သော်တာကြီး၊ တွတ်ပီ၊ ကိုမင်း၊ နဂါးအပါ အကြမ်းဖက်အဖွဲ့ဝင် ၂၀ ဖြင့် ခရမ်းမြို့နယ် ဇွဲတွန် စစ်ဆေးရေးဂိတ်အား လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း။
á အောက်တိုဘာ ၇ ရက်တွင် မိုးပြည့်စုံကျော် (ခ) ဒေဝ (ခ)မှတ်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် မုန်တိုင်း၊ သံခဲ၊ တဇွတ်ထိုးတို့ လေးဦးသည် ခရမ်းမြို့နယ် သစ်တောရုံးရှေ့ရှိ လုံခြုံရေးကင်းတဲအား ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။
á နိုဝင်ဘာလခန့်တွင် ထက်ရဲလင်း (ခ)အေးမောင်၊ မိုးပြည့်စုံကျော် (ခ) ဒေဝ(ခ)မှတ်ကြီး၊ သန့်ဇင်ဦး (ခ)ဗိုက်ကလေးနှင့် ဖမ်းဆီးရန် ကျန် တရားခံများဖြစ်သည့် အောင်ဇေ၊ သားကြီးတို့ ငါးဦး သည် ခရမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ မြို့မရဲစခန်း နှင့် သစ်တောရုံးတို့အား M-79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း။
á နိုဝင်ဘာလ(နောက်ဆုံးပတ်)တွင် မိုးပြည့်စုံကျော် (ခ) ဒေဝ (ခ) မှတ်ကြီး၊ ကျော်မင်းထက် (ခ)စာကလေးနှင့် ဖမ်းဆီးရန်ကျန် တရားခံ မုန်တိုင်းတို့ သုံးဦးသည် သုံးခွမြို့နယ် ကတုံးပေါ်ကျေးရွာ နယ်မြေရဲစခန်းအား ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။
á ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ထက်ရဲလင်း (ခ) အေးမောင်၊ မိုးပြည့်စုံကျော် (ခ) ဒေဝ (ခ)မှတ်ကြီး၊ သန့်ဇင်ဦး (ခ) ဗိုက် ကလေး နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် စနေ၊ သက်ပိုင်စိုး (ခ) သက်ကြီး၊ အေးမင်းလတ် (ခ) မိုးကြိုး၊ မုန်တိုင်း အပါ အကြမ်းဖက် အဖွဲ့ဝင် ၂၀ ဖြင့် သုံးခွမြို့နယ် ကတုံးပေါ်ကျေးရွာရှိ နယ်မြေ ရဲစခန်းအား လက်နက်ငယ်များ ဖြင့် ဒုတိယအကြိမ် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း။
á ဧပြီလ(ပထမပတ်)တွင် ထက်ရဲ လင်း(ခ)အေးမောင်နှင့် ဖမ်းဆီး ရန်ကျန် တရားခံ တွတ်ပီတို့ နှစ် ဦးသည် ခရမ်းမြို့နယ် ကရင်ကန် ကျေးရွာရှိ စစ်ဆေးရေးဂိတ်နှင့် ပိန်းကန်ကျေးရွာရှိ ရဲကင်းစခန်း တို့အား M-79 ဗုံးပစ်လောင်ချာ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။
á ဧပြီလ ၁၄ ရက်တွင် ထက်ရဲလင်း (ခ)အေးမောင်၊ ကျော်မင်းထက် (ခ) စာကလေး၊ မိုးပြည့်စုံကျော် (ခ)ဒေဝ(ခ)မှတ်ကြီး၊ သန့်ဇင်ဦး (ခ)ဗိုက်ကလေး၊ စိုးထက်အောင် (ခ)သာလိကာနှင့် ဖမ်းဆီးရန် ကျန် တရားခံများဖြစ်သည့် မုန်တိုင်း၊ စူပါမန်း၊ အေးမင်းလတ် (ခ)မိုးကြိုးတို့ ရှစ်ဦးသည် ခရမ်း မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနရှေ့ရှိ ရဲကင်းအား လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း။
ငွေကြေးထောက်ပံ့ပေးပြီး
လုပ်ကြံသတ်ဖြတ်
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆို ချက်အရ ထက်ရဲလင်း (ခ) အေးမောင်၊ အောင်မျိုးလွင်(ခ)DK(ခ)ဇော်ကြီးသား၊ သန့်ဇင်ဦး (ခ) ဗိုက်ကလေး၊ မိုးပြည့်စုံ ကျော်(ခ) ဒေဝ(ခ)မှတ်ကြီးတို့ လေးဦး အား ဖမ်းဆီးရန်ကျန် တရားခံ ခရမ်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ထွန်းထွန်းဝင်း(ခ)မီးပွား က အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြု ရန်အတွက် လစဉ် တစ်လလျှင် တစ်သိန်း နှုန်း ထောက်ပံ့ပေးခဲ့ပြီး လုပ်ကြံသတ်ဖြတ် မှုများနှင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှု များ ဆောင်ရွက်ပြီးစီးသည့်အခါများတွင် ငွေကျပ် နှစ်သိန်းမှ သုံးသိန်းအထိ ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ဥပဒေအရ အရေးယူနိုင်ရေး
ဆောင်ရွက်သွားမည်
အထက်ပါ ဖမ်းဆီးရမိတရားခံများ အား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက် နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါ ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေး သူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း နှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါ ရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်