
အိမ်မဲ ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် (၈၇)ရပ်ကွက် ကျန်စစ်သားလမ်းမကြီးပေါ်၌ရှိသည့် လိုတရ ရွှေစံလှပေါက်စီနှင့် မုန့်လုပ်ငန်းဆိုင်တွင် ဖြစ်ပွားခဲ့သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကိစ္စနှင့်ပတ်သက်ပြီး ကလေးငယ်ခြောက်ဦးအား မိဘများထံ ပြန်လည်အပ်နှံခြင်း ကို ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီခွဲက အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်နော်သာဝါးနှင့် တာဝန်ရှိသူများက ပြန်လည်ရောက်ရှိလာသော ကလေး သူငယ်များအား မိဘများက ကောင်းမွန်စွာ စောင့်ရှောက် သွားရန်၊ နိုင်ငံတော်ကချမှတ်ထားသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ မူဝါဒများကို အလေးထားလိုက်နာရန်၊ ပြန်လည်ရောက်ရှိလာသော ကလေးသူငယ်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေး ရန်တို့ကို ပြန်လည်ရောက်ရှိလာသည့် ကလေးသူငယ်များ၊ အုပ်ထိန်းသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို မှာကြား သည်။
အဆိုပါ ကလေးသူငယ်များမှာ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ကွန်တိုင်းကျေးရွာအုပ်စုမှ ကလေးသူငယ်ငါးဦး၊ ငပုတောမြို့နယ်မှ တစ်ဦး စုစုပေါင်း ခြောက်ဦးကို သက်ဆိုင်ရာ အုပ်ထိန်းသူများထံသို့ ဝန်ခံ ကတိများဖြင့် လက်မှတ်များ ရေးထိုးပြီး ပြန်လည်လွှဲပြောင်း ပေးအပ်ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)