ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြောခွဲစိတ်ကုသဌာန ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ဇွန်လအထိ ရင်ခေါင်းဖွင့်၍ ဆောင်ရွက်ခွဲစိတ်ကုသမှုများ ၁၅၆ ကြိမ် ဆောင်ရွက်ခဲ့

 

နေပြည်တော် ဇူလိုင်  ၁၀


ကျန်းမာရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည်  ဇူလိုင် ၈ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး   နှလုံးနှင့်သွေးကြော ခွဲစိတ်ကုသဌာနသို့  သွားရောက်၍ ဆေးကုသရေး လုပ်ငန်းဆောင်ရွက်မှုများကို    ကြည့်ရှုကာ   နှလုံး အဆို့ရှင် အစားထိုးခွဲစိတ်ကုသမှုနှင့် နှလုံးသွေးကြော ခွဲစိတ်ကုသမှု ခံယူထားသော လူနာများနှင့် တွေ့ဆုံ ကာ အားပေးစကားပြောကြားပြီး လိုအပ်သည်များ မှာကြားသည်။

 


ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြောခွဲစိတ်ကုသဌာနတွင်   ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ဇွန်လအထိ    ရင်ခေါင်းဖွင့်၍   ဆောင်ရွက်သည့် ခွဲစိတ်ကုသမှုများဖြစ်သော နှလုံးအဆို့ရှင်ပြုပြင်ခြင်း နှင့် လဲလှယ်ခြင်းဆိုင်ရာ ခွဲစိတ်ကုသမှု အကြိမ် ၃၀၊ မွေးရာပါနှလုံးရောဂါ ခွဲစိတ်ကုသမှု  ၂၉ ကြိမ်၊ နှလုံး သွေးကြောအစားထိုးခြင်း ခွဲစိတ်ကုသမှု  ၄၉ ကြိမ်၊ အဓိကသွေးလွှတ်ကြော ခွဲစိတ်ကုသမှု  ၈ ကြိမ်တို့ အပြင်  သွေးကြောအစားထိုးခြင်း/ ခွဲစိတ်ကုသ၍ ပြုပြင်ခြင်း  ၈၆ ကြိမ်၊ နှလုံးအမြှေးပါးသွေးယိုစီးခြင်း ကုသမှု၊   အဓိကသွေးလွှတ်ကြောအရေးပေါ်ခွဲစိတ် ကုသမှုအပါအဝင် နှလုံးနှင့်ပတ်သက်သည့် အရေးပေါ် ခွဲစိတ်ကုသမှုများ  ၁၅၆ ကြိမ် ဆောင်ရွက်ခဲ့သည်။

 


ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံကြီး-ပုသိမ်မြို့ ကိုးထပ်တိုးချဲ့ဆောင်အစည်းအဝေးခန်းမ၌ ဧရာဝတီ တိုင်းဒေသကြီး   ဝန်ကြီးချုပ်   ဦးတင်မောင်ဝင်း နှင့်အတူ  ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီး ဌာနနှင့် ပြည်သူ့ဆေးရုံကြီး-ပုသိမ်မြို့မှ ဆေးရုံအုပ် ကြီးနှင့် တာဝန်ရှိသူများ၊ အဆောက်အဦအထူးအဖွဲ့ (၅)မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တိုးချဲ့ဆောင်သစ် နှင့် အဆောင်ဟောင်းများတွင် လူနာဆောင်များ၊ ဆေးကုသရေးနှင့်     ရောဂါရှာဖွေရေးဌာနများကို နေရာချထားရာတွင် ဆေးကုသရေးလုပ်ငန်းအတွက် အထောက်အကူဖြစ်စေရေး   စနစ်တကျစီမံခန့်ခွဲ နေရာချထားရန်နှင့် အထူးကုဆရာဝန်ကြီးများက လည်း  ပူးပေါင်းအကြံပြု   ဆောင်ရွက်ကြရန်ဖြစ် ကြောင်း၊ ပြည်သူများ  လူနာများနှင့် ဆက်ဆံရေး အဆင်ပြေချောမွေ့စွာ      ဆောင်ရွက်ကြခြင်းဖြင့် ဆေးကုသရေးလုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ရန်ကိုလည်း ဆက်လက်အလေးထား ဆောင်ရွက်ပေးရန် ပြောကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ် နှင့် အဖွဲ့သည် ကိုးထပ်တိုးချဲ့ဆောင် ဆောက်လုပ် နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားကာ ပြည်သူ့ဆေးရုံကြီး- ပုသိမ်မြို့၏ သွားနှင့်ခံတွင်းဌာန၊ ရောဂါရှာဖွေရေး ဓာတ်ခွဲဌာန၊ သွေးလှူဘဏ်၊ ကလေးကုသဆောင်၊ ဆေးကုသဆောင်၊  ကျောက်ကပ်သွေးသန့်စင်ခန်း၊ ဓာတ်မှန်ဌာနတွင် CT, MRI တပ်ဆင်နေမှု အခြေ အနေတို့ကို လိုက်လံကြည့်ရှုပြီး လူနာနှင့်လူနာစောင့် များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် အဖွဲ့သည်   သူနာပြု၊  သားဖွားသင်တန်းကျောင်း၊ ပုသိမ်မြို့သို့သွားရောက်ကာ သင်တန်းတက်ရောက် လျက်ရှိသည့်    သင်တန်းသား   သင်တန်းသူများနှင့် တွေ့ဆုံ၍   ပြည်ထောင်စုဝန်ကြီးက  အမှာစကား ပြောကြားပြီး  သင်တန်းကျောင်းရှိ skill lab နှင့် library တို့ကို ကြည့်ရှုစစ်ဆေးသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်     ကုသရေးဦးစီးဌာနသို့ သွား​ရောက်ကာ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ကျန်းမာ ရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန် ရှိသူများနှင့်တွေ့ဆုံ၍ တာဝန်ရှိသူများက ဦးစီးဌာန အလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန် များကို  ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ် တို့က  လိုအပ်သည်များကို  မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးကာ သင်တန်းတက်ရောက်နေကြ သည့် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ပြည်သူ့ဆေးရုံကြီး မအူပင်မြို့သို့သွားရောက် ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် များကို     ဖြည့်ဆည်းနိုင်ရန်     ဘက်စုံထောင့်စုံမှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မအူပင်ဆေးရုံကြီးအတွက်  လိုအပ်သည့် ဆေးဝါး၊ စက်ပစ္စည်းနှင့် ဝန်ထမ်းအင်အားကို ဖြည့်ဆည်းပေး နိုင်ရေး   သက်ဆိုင်ရာဦးစီးဌာနမှ  စီစဉ်ဆောင်ရွက် သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်