ရန်ကုန်ပညာရေးတက္ကသိုလ်၌ မြေငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်

 

ရန်ကုန် ဇန်နဝါရီ ၁၃


ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့  ပူးပေါင်းဆောင်ရွက် သည့်  မြေငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူ  ဇာတ်တိုက်လေ့ကျင့် ခန်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်ပညာရေး  တက္ကသိုလ်ရှိ Learning Hub ခန်းမ၌  ကျင်းပ သည်။

 


ရှေးဦးစွာ  ရန်ကုန်တိုင်းဒေသ ကြီး            လူမှုရေးရာဝန်ကြီး    ဦးအောင်ဝင်းသိန်းက အမှာစကား ပြောကြားသည်။
ထို့နောက်   ရန်ကုန်ပညာရေး တက္ကသိုလ်       ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်က အမှာ စကားပြောကြားပြီး ရန်ကုန်တိုင်း ဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန         ဦးစီးမှူး       ဦးသန်းစိုးက      မြေငလျင်ဘေး အန္တရာယ်သဏ္ဌာန် တူဇာတ်တိုက်   လေ့ကျင့်ခန်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို         ရှင်းလင်း တင်ပြသည်။

 


ယင်းနောက်          မြေငလျင် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့် ခန်းတွင်    ပါဝင်ဆောင်ရွက်ကြ သည့်  ကျောင်းသား  ကျောင်းသူ များ၊  မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ     အဖွဲ့ဝင်များက လုပ်ငန်းအဖွဲ့      ရှစ်ဖွဲ့အလိုက်  ကြိုတင်ပြင်ဆင်မှုများဆောင်ရွက် ကြပြီး  မြေငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့် ခန်းကို  ပြုလုပ်ဆောင်ရွက်ကြ သည်။

 


ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီး  ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန        ဦးစီးမှူး ဦးသန်းစိုးက      မြေငလျင်ဘေး အန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်းကို      ပြန်လည် သုံးသပ်ခဲ့ကြောင်း   သတင်းရရှိ သည်။


သတင်းစဉ်