
ရန်ကုန် ဇန်နဝါရီ ၁၉
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာနက ကြီးမှူးဖွင့်လှစ်သော ယန္တရားမောင်းအထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အဆင့်ဆင့်ထိန်းသိမ်းပြုပြင်
သင်တန်းဆင်းပွဲတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး က ယခုသင်တန်းတွင် လက်တွေ့လေ့ကျင့်မှုအနေဖြင့် အင်းစိန်မြို့နယ်ရှိ မင်းဓမ္မကုန်းတော်နောက်လမ်း (ဇင်ဇီယာလမ်း) တိုးချဲ့ဖောက်လုပ်ရာတွင် ဆောင်ရွက်ခဲ့ခြင်းကြောင့် လေ့ကျင့်ရင်း လုပ်ငန်း များပါ ပြီးမြောက်အောင်မြင်ခဲ့ကြောင်း၊ သင်တန်း သားများအနေဖြင့် မိမိအသုံးပြုမည့် ယာဉ်ယန္တရား များကို မဆောင်ရွက်မီ၊ ဆောင်ရွက်နေစဉ်၊ ဆောင်ရွက်ပြီး အဆင့်ဆင့်ထိန်းသိမ်းပြုပြင်ကြရ မည်ဖြစ်ကြောင်း၊ ယခုသင်တန်းအားအခြေခံ၍ မိမိ ကျရာလုပ်ငန်းခွင်အတွင်း ယာဉ်ယန္တရားများ ကိုင်တွယ်အသုံးပြုခြင်းနှင့် ကြံ့ခိုင်ထိန်းသိမ်းခြင်းဆောင်ရွက်ရင်း တစ်ဦးချင်းစီ၏ အသိပညာ၊ အတတ် ပညာများ တိုးတက်ရန် ဆောင်ရွက်သွားကြစေလို ကြောင်း ပြောကြားသည်။
ယင်းနောက် မြို့တော်ဝန်က သင်တန်းတွင် Excavator မောင်း ဘာသာရပ် ထူးချွန်ဆုရရှိသူ မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဦးဇော်မင်းဦးကိုလည်းကောင်း၊ Wheel Loader မောင်း ဘာသာရပ်ထူးချွန်ဆုရရှိသူ အင်ဂျင်နီယာဌာန (ရေစီး ရေလာစီမံခန့်ခွဲမှု)မှ ဦးအောင်လင်းထိုက်ကိုလည်း ကောင်း၊ Bulldozer (ဘူဒိုဇာ)မောင်း ဘာသာရပ် ထူးချွန်ဆုရရှိသူ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာနမှ ဦးဇော်မင်းကိုလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။
ဂုဏ်ပြုလက်ဆောင်များ ပေးအပ်
ထို့နောက် ဒုတိယမြို့တော်ဝန်က သင်တန်းသား များကိုယ်စား သင်တန်းဆင်း လက်မှတ်များကို သင်တန်းခေါင်းဆောင်ထံသို့ပေးအပ်ပြီး အတွင်း ရေးမှူးက သင်တန်းနည်းပြများအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်သည်။
အဆိုပါသင်တန်းသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဌာန ခြောက်ဌာနနှင့် ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းသင်တန်းသား ၃၈ ဦး တက်ရောက်ပြီး သင်တန်းကာလ ၁၀ ရက် ကြာမြင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်