ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ဗဟိုမဏ္ဍပ်တွင် ပြိုင်ပွဲဝင်ရန် ယိမ်းအဖွဲ့များ လျှောက်လွှာတင်သွင်းနိုင်

 

ရန်ကုန်   မတ်   ၁၈
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မဟာသင်္ကြန် ရေသဘင်ပွဲတော် ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ် ၌ ယိမ်းအကပြိုင်ပွဲများကို   ယခင်နှစ်များ နည်းတူ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယိမ်း ပြိုင်ပွဲများကို ၁၂ ဦးယိမ်း (မူကြိုကျောင်းများ)၊ ၁၂ ဦးယိမ်း (ကျောင်းများ)၊ ၁၂ ဦး ယိမ်း(ရုံး/အခြားဌာနများ)၊ ၁၆ ဦးယိမ်း(ကျောင်းများ)၊ ၁၆ ဦးယိမ်း(ရုံး/အခြားဌာနများ)၊  ၂၀ ယိမ်း (အလွတ်တန်း)၊ ၁၂ ဦး ယိမ်း(ကျား) (အလွတ် တန်း)၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက များအပါအဝင် ကျင်းပပေးမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်မည့်အသင်းများသည်  ယနေ့မှစ၍ မတ် ၃၁ ရက်အထိ ရုံးချိန်အတွင်း ဗိုလ်တထောင် မြို့နယ် (၄၆)လမ်း (၁၂)ထပ်ခွဲရုံး (၁၀)လွှာရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)တွင် လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရ သည်။ 
အသေးစိတ်သိလိုသော အချက်အလက်များ ကို ဗိုလ်တထောင်မြို့နယ် (၄၆)လမ်း (၁၂)ထပ် ခွဲရုံး (၁၀)လွှာရှိ   ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊  အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)သို့  လူကိုယ်တိုင် ဖြစ်စေ၊ အတွင်းရေးမှူး၊ အကဲဖြတ်လုပ်ငန်း ဆပ်ကော်မတီ ၀၉-၅၁၀၃၂၈၇၊ တွဲဖက်အတွင်း ရေးမှူး၊  အကဲဖြတ်လုပ်ငန်းဆပ်ကော်မတီ ၀၉-၅၀၂၇၉၉၀၊      အကဲဖြတ်လုပ်ငန်း ဆပ်ကော်မတီရုံးအဖွဲ့ ၀၁-၂၀၁၄၅၉ လိုင်းခွဲ (၂၈၂)၊ (၂၈၆)သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အကဲဖြတ်လုပ်ငန်း ဆပ်ကော်မတီထံမှ သိရ သည်။                       
သတင်းစဉ်