
ရန်ကုန် ဇူလိုင် ၂၄
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၉ နာရီခွဲ တွင် မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)ခန်းမ ယာဉ်ရပ်နားရေးကွင်း၌ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများထားရှိရန် အဆောင်သစ် ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူက အဆောင် သစ်ဆောက်လုပ်နေမှုကို ရှင်းလင်းတင်ပြပြီး မြို့တော်ဝန်က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့မှတစ်ဆင့် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မအူကုန်း ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာသို့ရောက်ရှိပြီး ဆေးကုသမှု ခံယူနေသော လူနာများကို စောင့်ကြည့်ရေးစင်တာ မှတစ်ဆင့် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြန်လည်ပေးအပ်ခဲ့
ထို့နောက် ကိုဗစ်-၁၉ ရောဂါကုသရေးတွင် အသုံးပြုရန် အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ ဌာနစုမှူး(အင်ဂျင်နီယာ) ဦးဉာဏ်လင်း၊ ဇနီး မိဉာဏ်ရွတ် မိသားစုက ငွေကျပ် ၁၂၅၀၀၀၀ တန်ဖိုးရှိ Rapid Diagnostic Test (RDT) Kit ၁၂၅ ခု လှူဒါန်း မှုကို မြို့တော်ဝန်ဦးဗိုလ်ဌေးက လည်းကောင်း၊ လှိုင်မြို့နယ် စကားဝါလမ်းနေ ကိုမင်းဟိန်းဌေး၊ ဒေါက်တာချယ်ရီဗိုလ်ဌေး၊ ကိုဝင်းမောင်သန်း မောင်နှမတစ်စုက လှူဒါန်းငွေကျပ် ၁၀၀၀၀၀ ကို အတွင်းရေးမှူး ဦးညွန့်ဖေက လည်းကောင်း လက်ခံ ရယူပြီး စေတနာရှင်ပြည်သူများကို ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်