နေပြည်တော် ဖေဖော်ဝါရီ  ၂ဝ
မန္တလေးတိုင်းဒေသကြီး    ချမ်းမြ သာစည်မြို့နယ်    ညောင်ကန်တိုက် ဓမ္မစရိယအေးကျောင်း  ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု  ဘဒ္ဒန္တဣန္ဒက အမှူးပြုသော    မန္တလေးမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး ၄၈ ပါးနှင့် သာသနာ့ နွယ်ဝင်သီလရှင်ဆရာကြီး ငါးပါးတို့ကို ယနေ့မွန်းလွဲပိုင်းတွင်   အောင်မြေ သာစံမြို့နယ်ရှိ   နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်   (မန္တလေး)၌  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  ဆေး အဖွဲ့က ကျန်းမာရေး စစ်ဆေးပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးသည်။
သွားရောက်ဖူးမြော်
ယင်းသို့       ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု များကို   တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း   စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်မှူးချုပ်  ကိုကိုဦးနှင့် အဖွဲ့ဝင်များက   သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
အလားတူ   ရန်ကုန်တိုင်းဒေသ ကြီး    ကြည့်မြင်တိုင်မြို့နယ်  သာဓု ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဥဂ္ဂံသ  အမှူးပြုသော နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းသံဃနာယကအဖွဲ့  ဆရာတော် များနှင့်    ရှင်သာမဏေ   စုစုပေါင်း ၃၁ ပါးတို့ကို   ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်  သီရိမင်္ဂလာကမ္ဘာအေးကုန်း မြေရှိ မဟာဝိဇယမင်္ဂလာဓမ္မသဘင် ခန်းမ၌ ရန်ကုန်တိုင်း  စစ်ဌာနချုပ် ဆေးအဖွဲ့က   ကျန်းမာရေးစစ်ဆေး ပေးပြီး ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ဆေးထိုးနှံပေးသည်။
နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ထိုသို့ ဆရာတော်ကြီးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံပေးနေမှုများကို  တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်    အဖွဲ့ဝင်များက သွားရောက်    ဖူးမြော်ကြည်ညိုပြီး   နေ့ဆွမ်း  ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။          သတင်းစဉ်
      
  
      


