ရန်ကုန်မြို့၌ Oxygen Tank Station တစ်ခုကို ဇူလိုင်လအကုန်တွင် ပြီးစီးနိုင်ရေးတည်ဆောက်လျက်ရှိ

 

နေပြည်တော်  ဇူလိုင်   ၂၅


ရန်ကုန်မြို့၏ အောက်ဆီဂျင် လိုအပ်ချက်ကို   ဖြည့်ဆည်းပေး နိုင်ရေးအတွက်   ရန်ကုန်တိုင်း ဒေသကြီး     မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး  ခုတင် - ၁၀၀၀ ၌  တစ်ရက်လျှင်  လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ပေါင်း ၁၄၄၀      ဖြည့်ဆည်းပေးနိုင်မည့် Oxygen Tank Station တစ်ခုကို ဇူလိုင်လအကုန်တွင် ပြီးစီးနိုင်ရေး အတွက်   တည်ဆောက်လျက်ရှိ ကြောင်း သိရသည်။

 


အဆိုပါ     Oxygen     Tank Station ၏ အောက်ဆီဂျင်ထုတ်လုပ်ပေးမည့်နည်းစနစ်မှာ  Liquid  Oxygen  အား    Oxygen   Tank  Station အတွင်းသို့   ထည့်သွင်းသိုလှောင်ပြီး ၎င်းမှတစ်ဆင့် Gas Oxygen အဖြစ်  ပြန်လည်ထုတ် ပေးသောစနစ် ဖြစ်သည်။   ၎င်း Oxygen Tank Station ၏ ဝင်ဆံ့ မှုမှာ   တန်  ၅၀  ဖြစ်ပြီး    Gas  Oxygen ထုတ်လုပ်နိုင်မှုအနေဖြင့် ၄၀  လီတာ   အိုး  ၇၅၀၀  ဖြစ်၍ တစ်နာရီလျှင် Gas Oxygen ၄၀ လီတာအိုး အလုံး ၆၀ ကို  တစ်ပြိုင် နက်တည်း     ဖြည့်ဆည်းပေးနိုင်ကာ   တစ်ရက် ထုတ်လုပ်နိုင်မှုအနေဖြင့် Gas   Oxygen   ၄၀ လီတာအိုး ၁၄၄၀ ကို ၂၄နာရီ အဆက်မပြတ် ထုတ်လုပ်နိုင်သည်။


နေ့ညမပြတ် ဆောင်ရွက်


ယခုအခါ   Oxygen   Tank Station ၏ Oxygen Tank ထားရှိ မည့်   ခုတုံး   (၃၀ x ၃၀)  ပေနှင့်    Filling Station  (၆၀ x ၄၀) ပေ အား တည်ဆောက်ရာ၌ Oxygen Tank ခုတုံး Foundation အား Ground Level အောက် ၁၀ ပေ ခန့်နှင့် Plinth Level  ၃ ပေ ထားရှိ နိုင်ရေးအတွက်  ဇူလိုင်လကုန် တွင် ပြီးစီးနိုင်ရေး နေ့ညမပြတ် ဆောင်ရွက်လျက်ရှိသည်။


သတင်းစဉ်