ရန်ကုန်မြို့၌ ဆိုလာမီးပွိုင့် အရန်ဓာတ်အားပေးစနစ် စတင်အသုံးပြု

ရန်ကုန် မတ် ၁၃ လမ်းမတော်မြို့နယ် ပြည်လမ်း နှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့် ဘုန်းကြီးလမ်း(စံပြ)မှတ်တိုင်အနီး ယာဉ်ထိန်းရဲကင်းရုံ ၌ ထားရှိသော မီးပွိုင့်အတွက် Solar Power backup System စတင် အသုံးပြုနေမှုအခြေအနေ များကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဝန်ကြီး များသည် မတ် ၁၁ ရက်က ကွင်းဆင်းစစ်ဆေးသည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင် နီယာဌာန(လမ်းနှင့်တံတား)က တာဝန်ယူ ဆောင်ရွက်ခဲ့သော အဆိုပါ Solar Power backup System မီးပွိုင့်တွင် ဝပ် ၂၁၀ ဆိုလာ နှစ်ချပ်၊ ဝပ် ၈၅၀ Hybird UPS ၊ 150 AH ဘက်ထရီအိုး အခြောက်များကို အသုံးပြု ထားပြီး မီးလာသည့်အခါ အား ဖြည့်သွင်းနေမည်ဖြစ်ကာ မီးပျက် သွားပါက ဆိုလာပြားမှတစ်ဆင့် အားဝင်နေပြီး မီးပွိုင့်သည် အမြဲ တမ်း ပုံမှန်အလုပ်လုပ်နေမည် ဖြစ်ကြောင်း၊ ယာဉ်ကြောကျပ် တည်းမှု ရှိတော့မည်မဟုတ်ဘဲ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို စနစ်တကျ ထိန်းသိမ်း နိုင်မည်ဖြစ်ကြောင်းနှင့် အများ ပြည်သူ ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ကင်းရှင်းရေးအတွက် အဓိကလမ်းမကြီးများ ဆုံရာမီးပွိုင့် များတွင် ဆက်လက်တပ်ဆင်မည့် အခြေအနေများကို တာဝန်ရှိသူ များက တိုင်းဒေသကြီးဝန်ကြီးချုပ် အား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် လုပ်ငန်းကဏ္ဍအလိုက်ဆောင်ရွက်နေရသော ဌာနဆိုင်ရာ များအနေဖြင့် တိုင်းဒေသကြီး အတွင်း အများပြည်သူ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေ ရေးအတွက် အားလုံးပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြရန် မှာကြားသည်။ ဆန်းကျော်ဦး(ပြန်/ဆက်)