
ရန်ကုန် ဇွန် ၅
၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ရုံး၌ ယနေ့ နံနက်ပိုင်း က ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ် Mr. Antonio Guterres နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး Ms.Lnger Andersen တို့၏ သ၀ဏ်လွှာ ဖတ်ကြား သည့် ဗီဒီယိုအားလည်းကောင်း၊ ၂၀၂၂ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဗီဒီယိုအား လည်းကောင်း ပြသသည်။
ဆက်လက်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိ သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်း ကောင်း၊ တတိယဆုနှင့် စတုတ္ထဆုရရှိသူများ အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ က လည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး ပဉ္စမဆုနှင့် အခြေခံ ပညာအလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမဆု ရရှိသူများအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့် က လည်းကောင်း၊ အခြေခံ ပညာအလယ် တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဒုတိယ ဆု ရရှိသူအား ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး ကလည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲတွင် ပထမဆုရရှိသူအား သယံဇာတ ရေးရာဝန်ကြီး ဦးဇော်ဝင်း က လည်းကောင်း၊ဒုတိယဆုရရှိသူအား လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးချုပ် မျိုးမင်းထိုက် က လည်းကောင်း၊ တတိယဆုရရှိသူအား လူမှုရေးရာဝန်ကြီး ဦးအောင် ဝင်းသိန်း ကလည်းကောင်း၊ စတုတ္ထဆုရရှိသူအား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး
က လည်းကောင်း၊ ပဉ္စမဆုရရှိသူအား ဥပဒေချုပ် ဦးဌေးအောင် က လည်းကောင်း ဆုများကို ချီးမြှင့် ပေးအပ်ကြသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် ခန်းမအတွင်း ပြသထားသော ပြခန်းများ၊ ဆုရလက်ရာများအား လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)