ရန်ကုန်မြို့ သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး ကြည့်ရှုစစ်ဆေး

 

နေပြည်တော် အောက်တိုဘာ  ၂၉


သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်း က  ရန်ကုန်မြို့   ဗဟန်းမြို့နယ်   နတ်မောက်လမ်းရှိ သမဝါယမကူးသန်းရောင်းဝယ်ရေး    သင်တန်း ကျောင်းသို့ သွားရောက်၍ တည်ဆောက်ရေးလုပ်ငန်း များ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 


ထိုသို့စစ်ဆေးစဉ်   ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး  သမဝါယမဦးစီးဌာနရုံးအား ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး၊     ရုံးအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စေရေး၊    ရုံးအဆောက်အဦများ၊ စာသင်ဆောင်များ၊      လူနေအဆောက်အဦများ၊ ခြံစည်းရိုးများနှင့်လမ်းများအား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ သင်တန်းကျောင်း အား အလင်းဖွင့်ပေးနိုင်ရေးနှင့် သင်တန်းကျောင်း၏ ဖွဲ့စည်းပုံကိုပြင်ဆင်ကာ    အဆင့်မြှင့်တင်နိုင်ရန် လိုအပ်သည်များကို ရေးဆွဲတင်ပြပေးနိုင်ရေး၊ သမ ဝါယမ ကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်း၏ သင်ရိုးညွှန်းတမ်းများအား    ပြန်လည်သုံးသပ်၍ ခေတ်စနစ်နှင့်   လျော်ညီသော  သင်ရိုးညွှန်းတမ်း အသစ်များရေးဆွဲနိုင်ရေး၊ ထူးချွန်ကျောင်းသားများကို သမဝါယမကောလိပ်(ဖောင်ကြီး)သို့  ချိတ်ဆက်ပေး နိုင်ရေး      ဆောင်ရွက်သွားမည့်အစီအစဉ်များရေးဆွဲ  တင်ပြသွားရန်နှင့်  သမဝါယမလုပ်ငန်းများ  ပိုမို တိုးတက်အောင်မြင်စေရေး ဆက်လက်ဆောင်ရွက် သွားရန် မှာကြားသည်။

 


ယင်းနောက်  သင်တန်းကျောင်းအတွင်း  ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ    ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်