
ရန်ကုန် ဧပြီ ၂၃
မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်ပ ဆိုက်ရောက်နှင့် ထွက်ခွာခရီး သည် အဆောက်အအုံ အမှတ် (၂)တိုးချဲ့ တည်ဆောက်နေမှုကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ဧပြီ ၂၁ ရက် ညနေ ပိုင်းက ကြည့်ရှုစစ်ဆေးသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် အဖွဲ့အား အဆောက်အအုံကို တာဝန်ယူ တည်ဆောက်နေသည့် Yangon Aerodrome ကုမ္ပဏီ လီမိတက်မှ ပရောဂျက်ဒါရိုက်တာ ဦးနေလင်းနှင့် တာဝန်ရှိသူများက ယခင် အဆောက်အအုံအဟောင်း နှင့် မြေအောက်တွင် ခရီးသည် များ၏ ကားများရပ်နားရန် နေရာ အပါအဝင် တိုးချဲ့တည်ဆောက် မည့် အဆောက်အအုံ နမူနာ ပုံစံဒီဇိုင်းများနှင့်တကွ ရှင်းလင်း တင်ပြပြီး ဝန်ကြီးချုပ်က လေယာဉ်ဖြင့် ရောက်ရှိလာမည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည် များ၊ ပြည်တွင်းမှ နိုင်ငံတကာသို့ ထွက်ခွာမည့် ခရီးသည်များ ခေတ္တ နားခိုရာတွင် လုံခြုံစိတ်ချ၍ စိတ် ချမ်းမြေ့စွာ အနားယူနိုင်ရေး အတွက်တည်ဆောက်သွားရန် လိုကြောင်းမှာကြားသည်။
ထို့နောက် လုပ်ငန်းများကို စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အမြန်ဆုံးပြီးစီးအောင် လုပ်သား အင်အားနှင့် စက်ယန္တရားကြီး များဖြင့် ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)