ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight) များဖြင့်  ဝင်ရောက်လာသူခရီးသည်များကို RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးလျက်ရှိ

 

 

ရန်ကုန်    မေ    ၂
ကမ္ဘာ့နိုင်ငံအများစုတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွား/သေဆုံးမှုများ ကျဆင်းလာသည်နှင့်အတူ နိုင်ငံတကာ ခရီးသွားကဏ္ဍတွင်   ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေးအကြိမ်ပြည့်  ထိုးနှံပြီးစီးသူများအား   ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို ဖြေလျှော့ပေးမှုများ ဆောင်ရွက်လျက်ရှိသည်။ 
မြန်မာနိုင်ငံတွင်   ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ဆက်တိုက် ကျဆင်းလာခြင်း၊    ကိုဗစ်-၁၉ ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မား လာခြင်းနှင့်အတူ နိုင်ငံတကာခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး  အတွက်ရည်ရွယ်၍ မြန်မာနိုင်ငံသို့  လေကြောင်းခရီးဖြင့်  ဝင်ရောက် မည့် နိုင်ငံခြားသားများ၊ မြန်မာ နိုင်ငံသားများအတွက်       နိုင်ငံ တကာပုံမှန်လေကြောင်းခရီးစဉ်  (Commercial   Flight)    များ ပြန်လည်စတင်၍  ပြေးဆွဲခွင့်ပြု ခြင်းနှင့်    ကိုဗစ်-၁၉   ဆိုင်ရာ  စည်းမျဉ်း၊    စည်းကမ်းများအား ဖြေလျှော့မှုများကို ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း စဉ်များအရ     တစ်ဆင့်ချင်း ဖြေလျှော့ပေးလျက်ရှိသည်။ နိုင်ငံ တကာ ပုံမှန်လေကြောင်းခရီးစဉ်  (Commercial Flight) များအား  ဧပြီ  ၁၇  ရက်   ၀၀:၀၀   နာရီမှ စတင်၍ ပြန်လည်ပြေးဆွဲခွင့်ပြု ခဲ့ရာတွင်    ရန်ကုန်အပြည်ပြည် ဆိုင်ရာ          လေဆိပ်မှတစ်ဆင့် ဝင်ရောက်လာသူ ခရီးသည်များကို  ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RT-PCR နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ပြီး  ဟိုတယ်တွင်   ၂၄   နာရီ    အဖြေ စောင့်ဆိုင်းခြင်းစနစ်ဖြင့်  ဆောင် ရွက်ခဲ့ရာ   အဆိုပါခရီးသည်များ တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု နည်းပါးကြောင်း တွေ့ရှိရသည်။ 
သို့ဖြစ်၍ နိုင်ငံတကာပုံမှန် လေကြောင်းခရီးစဉ် (Commer-cial Flight) များဖြင့် ဝင်ရောက် လာသူခရီးသည်များကို ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ နောက်တစ်ဆင့်ထပ်မံ၍ ဖြေလျှော့ ပေးခြင်းအနေဖြင့် မြန်မာနိုင်ငံသို့ မရောက်ရှိမီ   ၇၂  နာရီအတွင်း RT-PCR ဖြင့် စစ်ဆေးထားသော  ကိုဗစ်-၁၉    ရောဂါပိုးမရှိကြောင်း ဓာတ်ခွဲစစ်‌ဆေးချက်   အထောက် အထား၊ ကျန်းမာရေးဝန်ကြီးဌာန က      အသိအမှတ်ပြုထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  အကြိမ်ပြည့်           ထိုးနှံထားမှု မှတ်တမ်းများ၊ ကိုဗစ်-၁၉ အပါ အဝင်   ကူးစက်ရောဂါ   သံသယ လက္ခဏာများ         မရှိကြောင်း ကြေညာချက် (Health Declara-tion) မှတ်တမ်းများပါရှိသူ မြန်မာ နိုင်ငံသား     ခရီးသည်များနှင့် အဆိုပါ   အထောက်အထားများ နှင့်တွဲဖက်၍    မြန်မာ့အာမခံ လုပ်ငန်းမှ    ဝယ်ယူထားသည့် ကျန်းမာရေး        အာမခံပါရှိသူ နိုင်ငံခြားသားများအား  လွယ်ကူ မြန်ဆန်၍        ကုန်ကျစရိတ် သက်သာစေမည့်    COVID-19 Antigen Rapid Diagnostic Test (RDT)  နည်းဖြင့်    ပြောင်းလဲ၍ ဓာတ်ခွဲစစ်ဆေး   ဆောင်ရွက်မှု များကို  ဧပြီ ၁  ရက် ၀၀:၀၀ နာရီမှစတင်၍   ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌    ရန်ကုန် တိုင်းဒေသကြီး  ပြည်သူ့ကျန်းမာ ရေးနှင့်      ကုသရေးဦးစီးဌာနနှင့်   လေဆိပ်ကျန်းမာရေးဌာနခွဲတို့မှ ကျန်းမာရေး        ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ တွင်   မေ ၁  ရက်က  ရန်ကုန် အပြည်ပြည်ဆိုင်ရာ  လေဆိပ်သို့ နိုင်ငံတကာ    ပုံမှန်လေကြောင်း ခရီးစဉ်   (Commercial  Flight) ရှစ်ခုဖြင့်      ဝင်ရောက်လာသည့် ခရီးသည် ၈၅၀  ရှိ၍ ၎င်းတို့ကို  RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ   မရှိကြောင်း သိရသည်။ 
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့    နိုင်ငံတကာပုံမှန် လေကြောင်းခရီးစဉ် (Commer-cial Flight) များဖြင့် ဝင်ရောက် လာသော ခရီးသည်များအနေဖြင့် ကိုဗစ်-၁၉   စစ်ဆေးခြင်း   အပါ အဝင်   လေဆိပ်ရှိ   ဌာနဆိုင်ရာ လုပ်ငန်းများအား    ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းနှင့် အညီ လေဆိပ်တွင်  ကြာမြင့်ချိန် ၁ နာရီမှ  ၂  နာရီအတွင်း ကုန်ကျ စရိတ်သက်သာစွာဖြင့် အဆင်ပြေ‌ ချောမွေ့စွာ အပြီးအစီးဆောင်ရွက် နိုင်ပြီဖြစ်ကာ လေဆိပ်မှ အချိန်တို အတွင်း မိမိတို့ စီစဉ်ထားရှိသည့်         ခရီးစဉ်အတိုင်း     ဆက်လက်      ထွက်ခွာနိုင်ပြီဖြစ်သည်။ 
နိုင်ငံတကာပုံမှန်လေကြောင်း ခရီးစဉ်   (Commercial   Flight) များကို ဧပြီ ၁၇ ရက်မှ မေ ၁ ရက် အထိ         စတင်ပြေးဆွဲခဲ့ရာ လေကြောင်းခရီးစဉ်  ၉၂  ခုဖြင့် ခရီးသည် ၇၅၅၀ ဝင်ရောက်လာ ခဲ့ပြီးဖြစ်သည်။   ထို့အတူ  နိုင်ငံ ရပ်ခြားတွင် အခက်အခဲတွေ့နေသူ မြန်မာနိုင်ငံသားများအား    မိမိ နိုင်ငံသို့   ပြန်လည်သယ်ဆောင် ခေါ်ယူလျက်ရှိသည့် ကယ်ဆယ် ရေးလေယာဉ်   (Relief   flight) များကို   ကိုဗစ်-၁၉    ဆိုင်ရာ စည်းမျဉ်း၊   စည်းကမ်းနှင့်အညီ ခရီးစဉ်      လိုအပ်ချက်များပေါ် မူတည်၍ ဆက်လက်ပြေးဆွဲလျက် ရှိကြောင်း သိရသည်။ 
သတင်းစဉ်