ရန်ကုန်- ရန်ကင်း Covid Care Center တွင် ပြည်သူများ အခမဲ့ လာရောက်ကုသနိုင်ရန် ပြင်ဆင်ထားမှုနှင့် အရေးပေါ်ဆက်သွယ်နိုင်သော တယ်လီဖုန်း (Hotline) နံပါတ်များ ထားရှိဆောင်ရွက်

 

ရန်ကုန်  ဩဂုတ်   ၁၈


ရန်ကုန်တိုင်းဒေသကြီး   ရန်ကုန်အရှေ့ပိုင်း ခရိုင် ရန်ကင်းမြို့နယ်တွင်  ဖွင့်လှစ်ထားသော ရန်ကုန်- ရန်ကင်း  Covid Care Center တွင် ပြည်သူများ   အခမဲ့  လာရောက်ကုသနိုင်ရန် အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိရာ ပြည်သူ များ အခက်အခဲမရှိစေနိုင်ရန်     အရေးပေါ် ဆက်သွယ်နိုင်သော (Hotline)  တယ်လီဖုန်း နံပါတ်များကို ယမန်နေ့ကစတင်၍   လက်ခံ ဖြေကြားပေးလျက်ရှိကြောင်း   သိရသည်။

 


ရှေးဦးစွာ    ဆေးလာရောက်ကုသသော လူနာတစ်ဦးစီတိုင်း   အသုံးပြုနိုင်ရန်အတွက် လီတာ  ၄၀ အောက်ဆီဂျင်အိုးများထားရှိပေးထားပြီး  Oxygen Concentrator အလုံး ၄၀၀ ကျော်ကိုလည်း စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ထို့ပြင်      ကိုယ်ပိုင်အောက်ဆီဂျင်စက် တည်ဆောက်ထားကာ    တက်ရောက်ကုသ လိုသည့် လူနာများအနေဖြင့် ၂၄ နာရီပတ်လုံး ဆက်သွယ်နိုင်သည့်  အရေးပေါ် (Hotline) တယ်လီဖုန်းများလည်း    ထားရှိဆောင်ရွက် ပေးထားကြောင်း သိရသည်။

 


အဆိုပါ  ရန်ကုန်- ရန်ကင်း  Covid Care Center ကို  လေးကျွန်းသူဖောင်ဒေးရှင်းနှင့် မဟာမိတ်အသင်းငါးဖွဲ့အပါအဝင် စေတနာရှင် များ၏   လှူဒါန်းမှုများနှင့်   အခမဲ့   ဖွင့်လှစ် ကုသဆောင်ရွက်ပြီး    အစားအသောက်နှင့် ဆေးဝါးများအားလုံးကိုလည်း စင်တာမှအခမဲ့ တာဝန်ယူဆောင်ရွက်ပေးနေကြောင်း၊ လူနာ ၆၀၀ ခန့်ကိုလည်း တစ်ပြိုင်တည်း   ကုသမှု ပေးနိုင်ရန်   စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။


အဆိုပါစင်တာတွင် လာရောက်ကုသလို သည့် လူနာရှင်များအနေဖြင့်  သက်ဆိုင်ရာ ဒေသန္တရမှ   ထုတ်ပေးသော   ကျန်းမာရေး ထောက်ခံချက်ပါရှိရမည်ဖြစ်ပြီး ရောဂါကူးစက် မှု မပျံ့နှံ့စေရန်နှင့် ရောဂါသည်များ     လျော့ကျ စေရန်အတွက်  မဖြစ်မနေ  အရေးကြီးသော လူနာများအတွက်သာ    လူနာစောင့်တစ်ဦး    ထားရှိရမည်ဖြစ်ကြောင်းနှင့်    အရေးပေါ် တယ်လီဖုန်း (Hotline) နံပါတ်များဖြစ်သော     ဦးအောင်လှိုင်ဦး  09-441992421၊ ဦးသန်း ထိုက်ကျော် 09-441992373 နှင့်  ဒေါ်ကြည်ပြာ ဘုန်းမြင့် 09-443582425 တို့ကို ဆက်သွယ်၍ ၂၄ နာရီ အခမဲ့ ဆေးကုသမှု ခံယူနိုင်ကြောင်း သိရသည်။  

        
 စန္ဒာမိုး
(ပြန်/ဆက်)